ဓါတ်ပုံ
မဇ္ဈိမ ဂျူလိုင်လ ဓါတ်ပုံများ E-mail
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 18:15 - မြန်မာစံတော်ချိန်
မဟာဗန္ဓလ လမ်းတလျောက် ဘတ်စ်ကားတန်းရှည်ကြီးကို ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ်။ ရန်ကုန်မြို့တွင် စမ်းသပ်ကျင့်သုံးနေသော ခရီးသည်တင် ဘတ်စ်ကားများ ကျော်မတက်ရ စနစ်ကြောင့် တင်္နဂနွေနေ့တွင်ပင် ယာဉ်တန်းရှည်ကြီးများ ဖြစ်နေရာ ခရီးသည် အများအပြား နှောင့်နှေးကြန့်ကြာမှုကြောင့် စိတ်ပျက်နေကြသည်။

ဓါတ်ပုံ။    ။ မဇ္ဈိမ အက်ဆစ် တေးဂီတအဖွဲ့မှ အဆိုတော် ဇေယျာသော် (လက်ထိပ်ခတ်ခံထားရပြီး အကျီဖြူ၊ ယောပုဆိုး လုံချည်ဖြင့်) ကို အာကာဗိုလ်နှင့်အတူ လမ်းမတော်မြို့နယ် တရားရုံးသို့ ဇွန် ၂၇ ရက်၊ ၂၀၀၈ ခုနှစ်က ရုံးထုတ်လာစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လူငယ် အဖွဲ့အစည်းတခုဖြစ်သော Generation Wave အဖွဲ့၏ ဦးဆောင်လည်းဖြစ်သူ ကိုဇေယျာသော်ကို စစ်အစိုးရက တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် တရားစွဲဆိုထားသည်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲများကို ရန်ကုန်မြို့တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ရွှေပြည်သာမြို့နယ် ရုံးခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးများ သိသိသာသာ တိုးမြှင့်ချထားမှုများ ပြုလုပ်လာခဲ့သည်။
Last Updated ( တနင်္ဂနွေနေ့၊ ဂျူလိုင်လ 06 2008 18:53 - မြန်မာစံတော်ချိန် )
Read more...

နာဂစ်အပြီး တလအကြာ မြင်ကွင်းများ E-mail
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 09 2008 15:34 - မြန်မာစံတော်ချိန်
နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တလခွဲ ကျော်လာချိန်တွင် အိမ်ရာ ပြန်လည်တည်ဆောက်ရေး မြင်ကွင်းအချို့ကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင် တွေ့ရစဉ်။

ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီများ တောင်းခံမည်ဆိုသော နာဂစ် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ စုရပ်သို့အသွား ဆင်ခြေဖုံး ကားမှတ်တိုင် တခုတွင် ဇွန် ၁၀ ရက်၊ ၂၀၀၈ ခုနှစ်က စောင့်ဆိုင်းနေစဉ်။ တောင်ဒဂုံမြို့နယ်အတွင်းမှ  လူ ၃ဝ ကျော် ပါဝင်သော အဖွဲ့က နောက်ပိုင်းတွင် ဒိုင်နာကားတစီး ငှားရမ်းပြီး ကုလသမဂ္ဂ ရုံးများသို့ သွားရောက် အကူအညီ တောင်းရန် ကြိုးစားစဉ် ရဲက အချို့ကို ထိန်းသိမ်း လိုက်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ အစိုးရ၏ ကူညီ ထောက်ပံ့မှု နည်းပါး လွန်းသည်ဟု မခံမရပ်နိုင် ဖြစ်ကာ တိုက်ရိုက် တောင်းခံခြင်း ဖြစ်သည်ဟု သူတို့က ပြောသည်။

ဓာတ်ပုံ- မဇ္ဈိမ။
Read more...

မဇ္ဈိမ ဇွန်လ ဓါတ်ပုံများ E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 06 2008 17:12 - မြန်မာစံတော်ချိန်
မဇ္ဈိမ ဇွန်လ ဓါတ်ပုံများ
နေ့ရက်ဖော်ပြနိုင်စွမ်းမရှိသော ယခုဓာတ်ပုံတွင် မြောက်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ ဇနီးသည် ဦးဆောင်သော အမျိုးသမီးတစု မြစ်ကြီးနား လေဆိပ်ကို ရောက်ရှိလာစဉ်။ မှတ်တမ်းဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရ၏၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ပြင်ဆင်ခြင်း ဖြစ်ဖွယ်ရှိသော  ရာထူး အပြောင်းအလဲများ လုပ်နေရာ ထိပ်တန်း စစ်ဗိုလ်ချုပ် ၅ ဦး အနားယူသွားရပြီဖြစ်ပြီး စစ်အရာရှိ ၁၅၀ ခန့် ရာထူးတိုးသူတိုး၊ ဌာနပြောင်းသူပြောင်း ဖြစ်သွားသည်။ ရန်ကုန်မြို့ - စမ်းချောင်းမြို့နယ် ဖျာပုံလမ်း အိမ်အမှတ် ၂၈၊  ၇ ထပ်တိုက် ၃ လွှာအခန်းတွင် စနေနေ့ ဇွန်လ ၂၁ ရက်နေ့က လျှပ်စစ် ၀ါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ရာ ၁ နာရီခွဲကျော် ကြာမြင့်သွားပြီးနောက် မီးငြိမ်းသွားခဲ့သည်။

ဓါတ်ပုံ။    ။မဇ္ဈိမ ရေကြီးမည်ဆိုသော ကောလာဟလကြောင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့သည့် မွန်ပြည်နယ် ဘီလူးကျွန်းနှင့် မော်လမြိုင်တွင် အာဏာပိုင်များက ယခုအခါ အစိမ်းရောင် အလံများ လွှင့်တင်ထားကြသည်။

ဓါတ်ပုံ။    ။မဇ္ဈိမ
Read more...

နာဂစ်မုန်တိုင်းအပြီး မြင်ကွင်းများ E-mail
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 05 2008 12:37 - မြန်မာစံတော်ချိန်
မြန်မာနိုင်ငံ ရေပိုင်နက်အလွန်တွင် မေ ၁၃ ရက်နေ့ ကတည်းက ရှိနေခဲ့သော အမေရိကန်၏ USS Essex  စစ်သင်္ဘော။ ဆိုင်ကလုံးနာဂစ်ဒဏ်ခံ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ  ပို့ဆောင်နိုင်ရေး လုပ်ဆောင်ပေး လိုသော်လည်း မြန်မာ စစ်အစိုးရက  ခွင်မပြုသည့်အတွက် သီတင်းပတ် သုံးပတ်ကျော် အကြာတွင် အမေရိကန် စစ်သင်္ဘောများ လက်လျော့သွားပြီ ဖြစ်သည်။ USS Essex သင်္ဘောအုပ်စုသည် ထိုင်းကမ်းလွန်သို့ ဇွန် ၅ ရက်နေ့တွင် ဦးတည် ထွက်ခွာတော့မည် ဖြစ်သည်။

ဓာတ်ပုံ- အမေရိကန်ရေတပ်။ ကွမ်းခြံကုန်းမှ လေဘေး ဒုက္ခသည်များ။ ဓါတ်ပုံ။    ။ မဇ္ဈိမ ကွမ်းခြံကုန်းမှ လေဘေး ဒုက္ခသည်များ။ ဓါတ်ပုံ။    ။ မဇ္ဈိမ
Read more...

မဇ္ဈိမ ဓါတ်ပုံများ E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မတ်လ 29 2007 22:44 - မြန်မာစံတော်ချိန်
မဇ္ဈိမ ဓါတ်ပုံများ
၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် မေ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် အင်္ဂါနေ့က ကျင်းပစဉ်။ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပြောင်းပေးရန် စစ်အစိုးရက ငြင်းဆန်ခဲ့သည်။

ဓာတ်ပုံ။    ။ Citizen Journalist အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ ဌာနချုပ်မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာသို့ ချီတက်သွားနေစဉ်။ လမ်းခရီးတွင်ပင် လူငယ်များကို ရဲများက ဖမ်းဆီးသွားခဲ့သည်။

ဓာတ်ပုံ- citizen journalist ဘန်ကောက်ရှိ မြန်မာသံရုံး မီးလောင်အပြီး တွေ့ရစဉ်။

ဓါတ်ပုံ။    ။ John Sanlin
Read more...

သူတို့စကား

"နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး ယခင်က ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျက်ကာ လုံ့လဝီရိယထား၍ အလုပ်ကို ကြိုးစားလုပ်ကြစေလိုကြောင်း"

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
ဖျာပုံမြို့နယ် ခရီးစဉ်အတွင်း ပြောကြားချက်

© Copyright 1998 - 2008 Mizzima News. All Rights Reserved