LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)

26 January 2020
LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)
FA Cup January 26, 21:30

Tranmere
0-6 (FT)
Maguire 10' Dalot 13' Lingard 16' Phil Jones 41' Martial 45' Greenwood 56' (P)
Stadium: Prenton Park
83 Min

လက်ရှိအချိန်အထိတော့ မန်ယူအသင်းက ဂိုးကန်သွင်းခွင့် (၂၁)ခါ ရထားခဲ့ပြီး ထရန်မဲ အသင်းကတော့ ဂိုးကန်သွင်းခွင့် (၁၀)ကြိမ် ရထားခဲ့တယ် ခင်ဗျာ။ မန်ယူအသင်းအနေနဲ့ ဒုတိယပိုင်းမှာရခဲ့တဲ့ ဂိုးကန်သွင်းခွင့်တွေကို ဖြုန်းတီးပစ်သလို ဖြစ်နေခဲ့ပြီး အခွင့်အရေးတွေ လွဲချော်နေတာကို မြင်တွေ့နေရတာပါ။

81 Min

ထရန်မဲအသင်းရဲ့ တိုက်စစ်ဆင်မှုကို မန်ယူကွင်းလယ်လူ ပါရဲရား တားဆီးဖို့ ကြိုးစားရာကနေ ထရန်မဲ အသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့တယ် ခင်ဗျာ။ ဒါပေမယ့်လည်း ထရန်မဲ တိုက်စစ်မှူး မူလင် ရဲ့ ကန်ချက်က မိုးပေါ်ထောင်သွားခဲ့ပါတယ်။

79 Min

မန်ယူကွင်းလယ်လူ လင်ဂတ်ရဲ့ ဂိုးစည်းထိပ်က ကန်ချက်က ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမားရဲ့ ဘယ်ဖက်ကနေ ကပ်ပြီး ထွက်သွားခဲ့တယ် ခင်ဗျာ

77 Min

မန်ယူအသင်း ညာခြမ်းကနေ ဒါလော့တ် တစ်ယောက် ဖြတ်တင်ဘောတွေ ဆက်တိုက်ပို့ပေးနေခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း သူ့ရဲ့ဖြတ်တင်ဘောတွေကို အသင်းဖော်တွေ အသုံးမချနိုင်ခဲ့လို့သာ မန်ယူအသင်း နောက်ထပ် ဂိုးမရပဲ ဖြစ်နေခဲ့တာ ခင်ဗျာ။

75 Min

မန်ယူအသင်းရဲ့ ဂန္ဓဝင်နည်းပြကြီး ဖာဂူဆန်ကိုတော့ ပွဲကြည့်စင်မှာ မြင်တွေ့နေရပါတယ်။ မန်ယူအသင်းအပေါ် သံယောဇဉ်ကြီးလှတဲ့ နည်းပြကြီးဟာ ထရန်မဲ အသင်းနဲ့ ပွဲစဉ်ကိုတောင် ရောက်ရှိလာခဲ့တာကို တွေ့ရတယ် ခင်ဗျာ။

Updates

4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago
4 years 1 month ago

Pages

Mizzima Weekly