LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)

26 January 2020
LIVE: ထရန်မဲရ် ၀-၆ မန်ယူ (Full-time)
FA Cup January 26, 21:30

Tranmere
0-6 (FT)
Maguire 10' Dalot 13' Lingard 16' Phil Jones 41' Martial 45' Greenwood 56' (P)
Stadium: Prenton Park
Tranmere 0 – 6 Man United (FT)

ထရန်မဲအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲချိန် မိနစ် (၉၀)ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ဖက်အသင်းကို ဂိုးဒါဇင်ဝက်နဲ့ အနိုင်ယူနိုင်ခဲ့တာမို့ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့ ဖိအားတွေလည်းလျော့ကျ သွားခဲ့ပါပြီ။

လာမယ့်ပွဲစဉ်မှာ မန်ယူအသင်းက မန်စီးတီးအသင်းနဲ့ လိဂ်ဖလားပွဲကို ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး သူတို့ရဲ့ စွမ်းဆောင်ရည် အစစ်အမှန်ကို ပြသရမယ့် ပွဲစဉ်ပါ။

ကဲ… Mizzima အနေနဲ့ လာမယ့်တစ်ပတ်မှာလည်း ဥရောပရဲ့ အကောင်းဆုံး ပွဲစဉ်တွေထဲက ပွဲကောင်းတွေကို ထပ်မံရွေးချယ်ပြီး Live Commentary တင်ဆက်ပေးသွားဦးမှာမို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ပေးကြပါဦးလို့ တိုိက်တွန်းရင်း ဒီနေ့အတွက် နှုတ်ဆက်လိုက်ပါရစေ…။

နောက်တစ်ပတ်မှာ ပြန်တွေ့ကြမယ်နော်…။

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

89 Min

မက်ဂွိုင်းယား ထွက်သွားခဲ့ပြီးတဲ့နောက် မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ခံထားရတဲ့ လုခ်ရှောကတော့ တစ်ကွင်းလုံးနီးပါး လိုက်ကစားနေတာကို တွေ့နေရတယ် ခင်ဗျာ။ ခံစစ်ရော၊ တိုက်စစ်မှာပါ မျှအောင်ကစားပေးနေတဲ့ လုခ်ရှောဟာ ဒီနေ့ပွဲမှာ မန်ယူအသင်းအတွက် အစွမ်းကုန်ကြိုးစားပေးနေခဲ့တာပါ။

87 Min

ဖိအားတွေအောက်မှာ ရုန်းကန်နေရတဲ့ မန်ယူနည်းပြ ဆိုးလ်ရှားအတွက်တော့ ဒီညရဲ့ ဂိုးပြတ်နိုင်ပွဲကြောင့် ဖိအားတွေ လျော့ကျသွားဖို့ရှိနေခဲ့ပါပြီ။ ဒါပေမယ့်လည်း အပြောင်းအရွှေ့စျေးကွက်မှာတော့ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်နေဆဲဖြစ်ပြီးအသင်းရဲ့ အားအနည်းဆုံးဖြစ်နေတဲ့ တိုက်စစ်နဲ့ ကွင်းလယ်နေရာတွေကို အားဖြည့်ဖို့ လိုအပ်နေခဲ့တာ ခင်ဗျာ

85 Min

ပွဲပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ခင်ဗျာ။ မန်ယူအသင်းက ပွဲကို အေးဆေးထိန်းကစားနေပြီ ဖြစ်ပြီး ထရန်မဲအသင်းကို ဂိုးပြန်မပေးရဖို့ကိုသာ အာရုံစိုက်နေကြပါပြီ။ ထရန်မဲအသင်းကတော့ ပွဲပြီးခါနီးမှာ ချေပဂိုးတစ်ဂိုး ပြန်ရဖို့ အသည်းအသန် ကြိုးစားနေတာကို တွွေ့နေရပါတယ်။

Updates

3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago

Pages

Mizzima Weekly