ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update

12 August 2019
ရေကြီးမှု နောက်ဆုံးရသတင်း - Mizzima News Update
မွန်ပြည်နယ်ရေဘေး ပြန်လည်ထူထောင်ရေး အကူညီများစွာ လိုအပ်နေ

ရေကြီးနစ်မြုပ်မှုဘေးဒဏ် ခံစားခံရသော မွန်ပြည်နယ်အတွင်းရှိ မြို့များ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ်နေသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59939

ရေကြီး ရေလျှံမှုများကြောင့် တစ်နိုင်ငံလုံးတွင်လယ်ဧက ၅သိန်းခန့် ရေနှစ်မြှုပ်

ရေကြီး၊ ရေလျှံမှုများကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လယ်ဧက ၅သိန်းခန့်ရေနှစ်မြှုပ်ခဲ့ရပြီး ဧက ၅သောင်း ခန့်မှာ သီးနှံများပျက်စီးခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး (လယ်/ ဆည်) မှ လက်ထောက် အတွင်းဝန် ဦးမျိုးတင့်ထွန်း ကမဇ္စျိမသို့ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59884

မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် မိုးပိုမည်

ရေကြီးရေလျှံမှုများကို ကြုံတွေ့နေရသော မွန်ပြည်နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင် လာမည့် နှစ်ရက်အတွင်း မိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သြဂုတ်၂၂ ရက်တွင် ထုတ်ပြန်သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59883

ရေဘေးအတွက် အလှူခံရာ ငွေကျပ် သိန်း ၁၅ဝ ကျော် ရရှိ

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုကို စစ်ကိုင်းတိုင်း ဒေသကြီး၊မုံရွာမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်အလှူခံခဲ့ရာ အလှူငွေ ကျပ်သိန်း ၁၅ဝကျော် ရရှိခဲ့ကြောင်း ပွဲတာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရသိရသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59878

မြဝတီ- ဘားအံကားလမ်း ပိတ်ဆို့မှုဖြစ်နေ

သြဂုတ် ၂၁ ရက်နေ့လယ် ၁၂ ခန့် အချိန်အထိ မြဝတီ- ဘားအံကားလမ်းပိတ်ဆို့မှုဖြစ်နေခဲ့ပြီး အာရှလမ်းဆုံမှ သာမညအထိ ကားအစီးရေ ၅၀၀ ခန့် ပိတ်ဆို့နေခြင်းဖြစ်သည်။

မိုးများပြီး ကားလမ်းဘေး မြေသားများ ပျော့နေသောကြောင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားရကာ ကားလမ်းကျဉ်းသဖြင့် ကားနှစ်စီးသွားလာရန် ခက်ခဲနေခဲ့သည်။

ဓာတ်ပုံ- သူရ/မဇ္ဈိမ