နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ

15 August 2019
နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ
ကွတ်ခိုင်မြို့အနီးရှိ တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေ

 

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးတွင် သြဂုတ် ၂၁ ရက်နေ့ ညပိုင်းက တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်နေသည်ဟု ကွတ်ခိုင်မြို့ ဒေသခံတစ်ဦးဖြစ်သည့် ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59874

မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရ သေဆုံး

လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာတွင် နေထိုင်သည့် မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်၏  နေအိမ်သို့ သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဇနီး သေဆုံးခဲ့သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59857

ဂုတ်တွင်းယာယီဘေလီတံတား စတင်ဖြတ်သန်းခွင့်ပြု

ယနေ့ သြဂုတ် ၂၀ ရက်နေ့၊ နေ့လယ် ၁ နာရီ အချိန်တွင် အိမ်စီးကားငယ်များအား ဂုတ်တွင်း ယာယီဘေလီတံတားပေါ်မှ စတင်၍ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်သည်။

" ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်သူများထံ အသိပေးတင်ပြထားသည့်အတိုင်း ဘေလီတံတားကြီးကို (၅) ရက်ဖြင့် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခြင်း ဖြစ်ပါသည်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြေညာထားသည်။ ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန

မန်လွယ်ရွာနှင့် နမ့်ခိုင်တံတားအကြား လူ ၄၀ ခန့်ပိတ်မိ၊ စားနပ်ရိက္ခာပြတ်လပ်နေ

ကွတ်ခိုင်မြို့နယ်ရှိ မန်လွယ်ရွာနှင့် နမ့်ခိုင်တံတားအကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကား ၉စီးနှင့် လူ ၄၀ ခန့်ပိတ်မိကာ စားနပ်ရိက္ခာများပြတ်လပ်နေကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ) မှ သိရသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59830

မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတား သြဂုတ် ၂၀ ညနေတွင် စတင်အသုံးပြုနိုင်မည်

မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ပျက်စီးသွားခဲ့ရသည့် နောင်ချိုဂုတ်တွင်း ကားလမ်းတံတားကို  သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်အသုံးပြုနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/5982