နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ

15 August 2019
နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ
မြောက်ပိုင်းသုံးဖွဲ့ တိုက်ခိုက်မှု မူးယစ်ဆေးဝါးကြောင့်ဟု တပ်မတော်ပြော၊ ပုတ်ခတ်မှုသာဖြစ်ဟုTNLA တုံ့ပြန်

မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ််အပါအဝင် နေရာအချို့ကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုလိုက်သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59965

လားရှိုး-သိန္နီကြား ရေပူဂိတ်စခန်း တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်တစ်ဦး သေဆုံး

လားရှိုးနှင့် သိန္နီအကြားရှိ ရေပူဂိတ်စခန်းအား သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားပြီး ပြည်သူ့စစ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု သိန္နီမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59945

လုံခြုံရေးဆိုင်ရာ ဥပဒေတွေ NLD အစိုးရ ဖျက်သိမ်းပစ်လို့ တပ်မတော် ထောက်ပြ

လက်ရှိ NLD အစိုးရလက်ထက်တွင် လုံခြုံရေးဆိုင်ရာ ဥပဒေအချို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ခြင်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာအချို့ တိုက်ခိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းရရှိမှုအပေါ် သက်ရောက်စေခဲ့သည်ဟု တပ်မတော်ဘက်က ထောက်ပြလိုက်သည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59932

ရှမ်းမြောက်၌ တိုက်ပွဲများဖြစ်ပွားနေစဉ် တပ်ချုပ် နှင့် တရုတ်သံအမတ် တွေ့ဆုံ

ရှမ်းပြည်မြောက်ပိုင်း၌တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကာလအတွင်း နေပြည်တော်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချိန်ဟိုင်တို့ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59909

နမ့်ခမ်းမြို့အနီး တိုက်ပွဲကြောင့် ဒေသခံအချို့ နီးစပ်ရာသို့ ပုန်းရှောင်နေရ

ယနေ့ သြဂုတ် ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့် နမ့်ခမ်းမြို့၊ အရှေ့ဘက် လေးမိုင်ခန့်အကွာ ကောင်းဝိုင်းရွာအုပ်စု အနီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံရွာသားအချို့ နီးစပ်ရာ ပုန်းရှောင်နေကြရကြောင်း နမ့်ခမ်းမြို့ အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးအေးမောင်က မဇ္စျိမသို့ ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59879