LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)

23 November 2019
LIVE: ဝက်စ်ဟမ်း ၂-၃ စပါး (Full-time)
Premier League November 23, 19:00

West Ham
2-3 (FT)
Michail Antonio 73' Angelo Ogonna 90+6' Son Heung-min 36' Lucas Moura 43' Harry Kane 49'
London Stadium
ကျနော် နေရာမှန်ကို ပြန်လာရတာ ကြိုက်တယ် - မော်ရင်ဟို

တစ်ကျော့ပြန် နည်းပြလောကထဲ ရောက်ရှိလာတဲ့ မော်ရင်ဟိုကတော့ နိုင်ပွဲနဲ့အတူ နေရာမှန်ကို ပြန်ရောက်နေခဲ့ပြီဖြစ်ပြီး သူက ဒါကို "ကြိုက်နှစ်သက်တယ်"လို့ ဝန်ခံခဲ့ပါတယ်။ အပြည့်အစုံ - http://www.mizzimaburmese.com/article/63312

West Ham 2 – 3 Spurs (FT)

ဝက်စ်ဟမ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ဒုတိယပိုင်းပွဲချိန်တွေကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ စပါးအသင်းက နည်းပြ မော်ရင်ဟို လက်ထက်မှာ နိုင်ပွဲပြန်ရခဲ့ပြီဖြစ်သလို ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ အတွက်လည်း ရာထူးအတွက် စိုးရိမ်စရာအချိန်တွေကို ရောက်လာခဲ့ပါပြီ။

Mizzima အနေနဲ့ နောက်လာမယ့် ပွဲစဉ်တွေထဲက အကောင်းဆုံး ပွဲစဉ်တွေကို ရွေးထုတ်ပြီး တိုက်ရိုက် Live Commentary ထုတ်လွှင့်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။

နောက်ရက်တွေမှာ ပြန်လည်ဆုံတွေ့ကြပါစို့…။

Goal!!!

ဝက်စ်ဟမ်းအသင်း နောက်ခံလူ အော့ဘွန်နာ က ထောင့်ကန်ဘောက တစ်ဆင့် ချေပဂိုးတစ်ဂိုး သွင်းယူသွားခဲ့ပါတယ်။

Injury Times (+6)

စပါးအတွက်တော့ ဒီရာသီမှာ အဝေးကွင်း ပထမဆုံးနိုင်ပွဲကို ရတော့မယ် ခင်ဗျာ။ မော်ရင်ဟို ရောက်ရောက်ချင်းပဲ စပါးအသင်းရဲ့ရလဒ်ပိုင်းတစ်ခု အပြောင်းအလဲဖြစ်သွားခဲ့တာဖြစ်လို့ မော်ရင်ဟို အနေနဲ့ ဂုဏ်ယူစရာလို့ ပြောရမှာပါ။

Injury Times (+6)

ပွဲချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၆)မိနစ်တောင် ပေးထားခဲ့ပါတယ်။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly