LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)

18 January 2020
LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)
Premier League Today, 19:00

Watford
0-0 (FT)
Vicarage Road
⏱️ 85 Min

ဂတ်ဆွန်ဖာနန်ဒက်စ်ကတော့ ဝင်လာပြီး မိနစ်အနည်းငယ်မှာပဲ စပါးတိုက်စစ်အတွက် အထောက်အကူဖြစ်စေတဲ့ ခြေစွမ်းမျိုးကို ပြနေတယ် ခင်ဗျာ။ စပါးအသင်းနည်းပြ မော်ရင်ဟို ကတော့ သူ့ကစားသမားတွေ ဖျက်ထုတ်ခံနေရတဲ့အပေါ် အရန်ဒိုင်ကို စောဒက တက်နေတာ တွေ့နေရပါတယ်။ ပွဲပြီးဖို့ မိနစ်အနည်းငယ်သာ လိုပါတော့တယ်။

⏱️ 83 Min

စပါးနည်းပြ မော်ရင်ဟို အတွက်တော့ အာဂျင်တီးနား ကွင်းလယ်အတွဲဖြစ်တဲ့ လာမယ်လာ နဲ့ လိုဆယ်ဆိုတို့အတွဲက အလုပ်ဖြစ်မယ်လို့ ထင်ခဲ့ပုံပါ။ ဒါပေမယ့် ဒီနှစ်ယောက်က ပွဲချိန်တစ်လျှောက်လုံး အတွဲမိဖို့ ရုန်းကန်ခဲ့ရပြီး သူတို့နှစ်ယောက်ကြား ဘောလုံးပေးပို့မှုက (၁၀)ကြိမ်ထက် မပိုခဲ့ပါဘူး။

အခုအချိန်မှာတော့ ပေါ်တူဂီ ကွင်းလယ်ကစားသမားလေး ဂတ်ဆွန်ဖာနန်ဒက်စ် ဝင်လာခဲ့ပါပြီ။ လက်ကျန်မိနစ် အနည်းငယ်မှာ သူ့ရဲ့ခြေစွမ်းကိုစောင့်ကြည့်ရမယ် ခင်ဗျာ။

⏱️ 81 Min

ဝက်ဖို့ဒ်အသင်းက ချာလိုဘတ်ရဲ့နေရာမှာ ပါရဲရား ကို ထည့်သွင်း ကစားစေတယ် ခင်ဗျာ။

စပါးကတော့ ဒီအပြောင်းအရွှေ့မှာ အသစ်ခေါ်ထားတဲ့ ဖာနန်ဒက်စ်ကို လိုဆယ်ဆိုနဲ့ လူစားလဲလိုက်ပါပြီ။

⏱️ 79 Min

အဲရစ်ဆင် ဝင်လာခဲ့ပေမယ့် စပါးရဲ့ ကစားပုံကတော့ သိသိသာသာ ပြောင်းသွားခဲ့ခြင်းမရှိဘူး ခင်ဗျာ။ တစ်ချက်ထိအမြန်ပေး ပုံစံနဲ့ ကစားနေခဲ့ပေမယ့် မတိကျတဲ့ လူပေးပုံတွေကြောင့် စပါးကွင်းလယ်ဟာ ပွဲချိန် မိနစ် (၈၀)နား နီးလာတဲ့အထိ အလုပ်မဖြစ်သေးပါဘူး။

⏱️ 77 Min

ပင်နယ်တီလွဲချော်ပြီးတဲ့နောက်ပိုင်း နှစ်သင်းစလုံးက နည်းနည်း ထိန်းပြီး ကစားလာကြတာကို တွေ့နေရတယ် ခင်ဗျာ။ တိုက်စစ်ကို အလွန်အကျွံမကစားကြတော့ပဲ ဘောလုံးပိုင်ဆိုင်မှုကို အသားပေး ကစားနေတာကို တွေ့ရပါတယ်။

Updates

3 years 12 months ago
3 years 12 months ago
3 years 12 months ago
3 years 12 months ago
3 years 12 months ago

Pages

Mizzima Weekly