LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)

18 January 2020
LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)
Premier League Today, 19:00

Watford
0-0 (FT)
Vicarage Road
⏱️ Watford 0 – 0 Spurs (FT)

ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေး ရဲ့ ပင်နယ်တီ လွဲချော်ခဲ့မှုနဲ့အတူ ဝက်ဖို့ဒ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိ၊ သရေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ စပါးက ဂိုးသွင်းခွင့်တွေပိုရခဲ့ပေမယ့် ဒီပွဲအတွက် ပိုကောင်းတဲ့အသင်းက ဝက်ဖို့ဒ် ဖြစ်ခဲ့တာပါ။

စပါးအသင်းနည်းပြ မော်ရင်ဟိုအတွက်တော့ ပွဲချိန် မိနစ်(၉၀)အပြီး နာကျင်အချိန်ပိုမှာ (၃)မှတ််အပြည့်ရဖို့ တော်တော်လေး နီးစပ်ခဲ့ပြီး ဂိုးစည်းပေါ်က ဘောလုံးကို ဝက်ဖို့ဒ်ကစားသမားတွေ အချိန်မှီရှင်းထုတ်နိုင်ခဲ့လို့သာ (၃)မှတ်နဲ့ဝေးသွားခဲ့ရတာပါ။

ဒီပွဲရဲ့ သူရဲကောင်းကတော့ စပါးဂိုးသမား ဂက်ဇာနီဂါ ဖြစ်သွားခဲ့ပြီး စပါးအသင်းနဲ့အတူ လက်စွမ်းပြနေတဲ့ ဂိုးသမားဟာ ဒီနေ့ပွဲမှာလည်း သူ့ရဲ့တောက်ပတဲ့နေ့ရက်တွေကို ဆက်လက် ရရှိနေခဲ့ပါတယ်။

ကဲ….မနက်ဖြန်မှာလည်း Mizzima အနေနဲ့ ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကို Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ကြဖို့ မမေ့ကြနဲ့ဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။

Injury Times (⏱️+4)

ပွဲချိန် မိနစ် (၉၀)ပြည့်သွားလို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

⏱️ 89 Min

ကြည့်ရတာတော့ ဂိုးမရှိ သရေနဲ့ ပွဲပြီးသွားမယ့် ပုံပဲ ခင်ဗျာ။ စပါးအသင်းက ဖာနန်ဒက်စ်ဝင်လာပြီးတဲ့နောက်မှာ ကစားပုံကောင်းလာခဲ့ပေမယ့် ပွဲပြီးဖို့ နီးကပ်သွားခဲ့ပြီဖြစ်လို့ သူတို့အတွက် အချိန်ရပါတော့မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

⏱️ 88 Min

စပါးအသင်းတိုက်စစ်ကစားသမား လာမယ်လာ ရဲ့ ကန်ချက်ကလည်း ဝက်ဖို့ဒ်ဂိုးပေါက်နဲ့ အနည်းငယ်လေး လွဲချော်သွားခဲ့တာကို တွေ့နေရပါတယ်။

⏱️ 87 Min

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင် တစ်ယောက် ဂိုးရနိုင်တဲ့အခွင့်အရေး ရခဲ့ပေမယ့် လူကျွံနေခဲ့လို့ နစ်နာသွားခဲ့တယ် ခင်ဗျာ။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly