
Watford

Tottenham



ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီနေး ရဲ့ ပင်နယ်တီ လွဲချော်ခဲ့မှုနဲ့အတူ ဝက်ဖို့ဒ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိ၊ သရေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ စပါးက ဂိုးသွင်းခွင့်တွေပိုရခဲ့ပေမယ့် ဒီပွဲအတွက် ပိုကောင်းတဲ့အသင်းက ဝက်ဖို့ဒ် ဖြစ်ခဲ့တာပါ။
စပါးအသင်းနည်းပြ မော်ရင်ဟိုအတွက်တော့ ပွဲချိန် မိနစ်(၉၀)အပြီး နာကျင်အချိန်ပိုမှာ (၃)မှတ််အပြည့်ရဖို့ တော်တော်လေး နီးစပ်ခဲ့ပြီး ဂိုးစည်းပေါ်က ဘောလုံးကို ဝက်ဖို့ဒ်ကစားသမားတွေ အချိန်မှီရှင်းထုတ်နိုင်ခဲ့လို့သာ (၃)မှတ်နဲ့ဝေးသွားခဲ့ရတာပါ။
ဒီပွဲရဲ့ သူရဲကောင်းကတော့ စပါးဂိုးသမား ဂက်ဇာနီဂါ ဖြစ်သွားခဲ့ပြီး စပါးအသင်းနဲ့အတူ လက်စွမ်းပြနေတဲ့ ဂိုးသမားဟာ ဒီနေ့ပွဲမှာလည်း သူ့ရဲ့တောက်ပတဲ့နေ့ရက်တွေကို ဆက်လက် ရရှိနေခဲ့ပါတယ်။
ကဲ….မနက်ဖြန်မှာလည်း Mizzima အနေနဲ့ ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကို Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ကြဖို့ မမေ့ကြနဲ့ဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။


www.mizzima.com
www.mizzimaburmese.com
www.mizzimaweekly.com
[email protected]
[email protected]
+95 1 295398
+95 9421010111