LIVE: မြန်မာ ၂-၄ အင်ဒိုနီးရှား (Extra-time)

06 December 2019
LIVE: မြန်မာ ၂-၄ အင်ဒိုနီးရှား (Extra-time)
Football at the Southeast Asian Games – Men's tournament (Semi-final) December 7, 14:30

Myanmar
2-4 (ET)
Win Naing Tun 78' Aung Kaung Mann 79' Dimas Evan 57' 113' Maulana Egy 70' Osvaldo Haay 101'
Rizal Memorial Coliseum
18 Min

ပွဲချိန်တွေ ပြန်လည်စတင်လာတာနဲ့ အင်ဒိုနီးရှားက သူတို့ရဲ့ အားသန်တဲ့ ဘယ်ခြမ်းတိုက်စစ်ကနေပဲ ထိုးဖောက်နေတာကို တွေ့ရပါတယ်။ မြန်မာအသင်း နောက်ခံလူတွေ ဂိုးဧရိယာထဲမှာ အသည်းအသန် ဖျက်ထုတ်နေတာကို မြင်နေရပါတယ်။

Kick Off - 16 Min

ဒုတိယပိုင်းပွဲစပြီဆိုတာနဲ့ မြန်မာကစားသမားတွေနဲ့ အင်ဒို ကစားသမားတွေ အချင်းများနေတာကို မြင်နေရပြီ ခင်ဗျာ။

Myanmar 2 – 3 Indonesia (HT)

မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ အချိန်ပို ပထမပိုင်းကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ မြန်မာကစားသမားတွေ ကစားအားကျလာတာ၊ အဓိက ကစားသမားအချို့ကို ဒဏ်ရာကြောင့် လူစားလဲလိုက်ရတာတွေက မြန်မာအသင်းကို အားနည်းသွားစေခဲ့ပြီးဦးဆောင်ဂိုး တစ်ဂိုး ခွင့်ပြုပေးလိုက်ရတာပါ။ လက်ကျန်ပွဲချိန် (၁၅)မိနစ်မှာ မြန်မာအသင်း ချေပဂိုး ပြန်သွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမယ် ခင်ဗျာ။

Injury Times (+2)

အင်ဒိုကစားသမားကို ကစားပုံကြမ်းခဲ့တဲ့ သူရိန်စိုး ကို ကွင်းလယ်ဒိုင်က အဝါကတ် ပြလိုက်ပါပြီ။

14 Min

မြန်မာအသင်း ပေးလိုက်ရတဲ့ ဂိုးကတော့ နောက်ခံလူတွေ လူကပ်ကစားပုံ ညံ့ခဲ့တာကြောင့်လို့ ပြောရမယ် ခင်ဗျာ။ ဂိုးဧရိယာထဲမှာ နောက်ခံလူ (၄)ယောက်လောက် ရှိနေပေမယ့်လည်း အော့စ်ဗယ်ဒို ကို လူကပ်ထားတဲ့သူ မရှိခဲ့ပဲ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းသွားခဲ့တာပါ။