LIVE: မြန်မာ ၂-၄ အင်ဒိုနီးရှား (Extra-time)

06 December 2019
LIVE: မြန်မာ ၂-၄ အင်ဒိုနီးရှား (Extra-time)
Football at the Southeast Asian Games – Men's tournament (Semi-final) December 7, 14:30

Myanmar
2-4 (ET)
Win Naing Tun 78' Aung Kaung Mann 79' Dimas Evan 57' 113' Maulana Egy 70' Osvaldo Haay 101'
Rizal Memorial Coliseum
26 Min

ဦးဆောင်ဂိုး (၂) ဂိုး ထပ်ပေးလိုက်ရလို့ မြန်မာအသင်းကတော့ ပြန်လာနိုင်မယ့်ပုံ မရှိတော့ဘူးခင်ဗျာ။ ပွဲပြီးဖို့ နီးလာလေလေ၊ အသင်းရဲ့ခံစစ်က အားပျော့လာလေလေ ဖြစ်နေတာကြောင့် အင်ဒို တိုက်စစ်ကို အခွင့်အရေးတွေ ပေးခဲ့ရတာပါ။

Goal!!!

အင်ဒိုနီးရှားအသင်းက စတုတ္တမြောက်သွင်းဂိုး ရရှိသွားခဲ့ပြန်ပါပြီ။

24 Min

မြန်မာအသင်းနည်းပြ ပိုပေါ့ဗ်ကတော့ သူ့အသင်းရဲ့ ကစားပုံကိုကြည့်ပြီး ကွင်းဘေးကနေ စိတ်ပျက်နေပုံကို ပြနေပါတယ်။ ဒါပေမယ့်လည်း မြန်မာကစားသမားတွေကတော့ ကွင်းအတွင်းမှာ တတ်နိုင်သလောက် ကြိုးစားပြီး ကစားနေကြတယ် ခင်ဗျာ။

22 Min

အော့စ်ဗယ်ဒို ကတော့ လက်ရှိအချိန်အထိ မြန်မာအသင်းကို ဂိုးသွင်းနိုင်ဖို့ ဆက်လက် ကြိုးစားနေဆဲ ပဲ ခင်ဗျာ။ မြန်မာ ကစားသမားတွေကတော့ ကစားအားကျလာခဲ့ပြီး အင်ဒိုခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ လွယ်ပါတော့မလားလို့ တွေးစရာတွေ ဖြစ်လာခဲ့ပါပြီ။ ကစားသမားအများစုက ကွင်းအတွင်းမှာ ပြေးဖို့ထက် လမ်းလျှောက်နေတာကိုသာ မြင်နေရပြီ ခင်ဗျာ။

20 Min

လက်ကျန်ပွဲချိန်တွေမှာ မြန်မာအသင်းရဲ့ တိုက်စစ်ပိုင်းကို တစ်ချက် စောင့်ကြည့်ရမယ် ခင်ဗျာ။ ဝင်းနိုင်ထွွန်းနဲ့ အောင်ကောင်းမာန် တို့ဆီက သွင်းဂိုးတွေများ မြင်ရဦးမလားလို့ မြန်မာပရိသတ်တွေက စောင့်မျှော်နေကြပြီး အဓိက တိုက်စစ်ကစားသမားတွေ ခြေစွမ်းပြရမယ့်အချိန်ကို ရောက်ရှိနေပါပြီ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly