
Myanmar
Win Naing Tun 78' Aung Kaung Mann 79' Dimas Evan 57' 113' Maulana Egy 70' Osvaldo Haay 101'

"အနိုင်ရသွားတဲ့ အင်ဒိုနီရှားအသင်းကို ချီးကျူးပါတယ်။ ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတာပါ။ ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့ရပေမယ့် ကျွန်တော့် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းကိုတော့ ကျေနပ်ပါတယ်။ အင်ဒိုနီးရှားအသင်းက အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့သလို ကျွန်တော်တို့ကလည်း ရသမျှအခွင့်အရေးတွေကို အသုံးချခဲ့တာပါပဲ။ ဒီနေ့ပွဲမှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ ကြိုးစားခဲ့ကြတဲ့ အသင်းတာဝန်ရှိသူတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဆေးအဖွဲ့နဲ့ ကစားသမားတွေအားလုံးကို ကျေးဇူးတင်ပါတယ်"
- မြန်မာယူ-၂၂ အသင်းနည်းပြချုပ် မစ္စတာပိုပေါ့ဗ်
မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အင်ဒိုနီးရှားရဲ့ အချိန်ပို သွင်းဂိုး (၂)ဂိုးနဲ့ အတူ မြန်မာအသင်း အရှုံးပေးလိုက်ရပါပြီ။
ပွဲချိန် မိနစ်(၉၀)အတွင်းမှာ မြန်မာအသင်းရဲ့ အကောင်းဆုံး ကြိုးစားမှုတွေကို တွေ့ရပေမယ့်လည်း အချိန်ပို မိနစ်တွေမှာတော့ သိသိသာသာ ကစားအားကျသွားခဲ့လို့ သွင်းဂိုးတွေ ခွင့်ပြုလိုက်ရတာပါ။
ဘာပဲဖြစ်ဖြစ် မြန်မာအသင်းကစားသမားတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရမှာပဲဖြစ်ပြီး လာမယ့်နှစ်တွေမှာ ပိုပြီး ထွန်းတောက်လာမယ့် ကစားသမားတွေကို ဆက်လက် အားပေးကြရမှာပါ။
ကဲ…Mizzima အနေနဲ့လည်း နောက်ထပ် ပွဲကောင်းတွေကို Live Commentary အဖြစ် တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook Page ကို မလွတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက််ပါတယ်နော်…။
Mizzima Media Yangon Head Office
Building A3, Wing B, Star City,
Kyaik Khauk Pagoda Road, Thanlyin
Yangon Region.
Mizzima Media Nay Pyi Taw Office
No. 2184-B, Corner of Kysapnadi Street &
Sein Pan Pyar Street, Shwe Kyar Pin Ward,
Zabu Thiri Township, Nay Pyi Taw
www.mizzima.com
www.mizzimaburmese.com
www.mizzimaweekly.com
[email protected]
[email protected]
+95 1 295398
+95 9421010111