LIVE: မြန်မာ ၂-၁ ကမ္ဘောဒီးယား (Full-time)

02 December 2019
LIVE: မြန်မာ ၂-၁ ကမ္ဘောဒီးယား (Full-time)
Football at the Southeast Asian Games – Men's tournament December 2, 18:3

Myanmar
2-1 (FT)
Group stage · Group A · Matchday 4 of 5
Stadium - Biñan Football Stadium
85 Min

မြန်မာအသင်းက မြတ်ကောင်းခန့်ရဲ့နေရာမှာ ဝင်းနိုင်ထွန်းကို ထည့်သွင်းအသုံးပြုလိုက်ပြီ ခင်ဗျာ။

84 Min

တစ်ဖက်မှာ ကစားနေတဲ့ မလေးရှားနဲ့ အရှေ့တီမောအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မလေးရှားက (၃-၀)နဲ့ နိုင်နေတယ် ခင်ဗျာ။ မလေးရှားအသင်းက ဒီပွဲနိုင်သွားရင် ရမှတ် (၄)မှတ် ရသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နဲ့ အမှတ်တူသွားမှာပါ။ နောက်ဆုံးပွဲစဉ်မှာ ဖိလစ်ပိုင်က အရှေ့တီမော ၊ ကမ္ဘောဒီးယားက မလေးရှားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တက်ဖို့အတွက် အခွင့်အရေးတွေ ကိုယ်စီရှိနေခဲ့လို့ ဒီအုပ်စု က စိတ်လှုပ်ရှားစရာ ကောင်းနေတယ်ခင်ဗျာ။

82 Min

ဘာလိုလိုနဲ့ ပွဲကစားချိန်က မိနစ် (၈၀) ကျော်လာခဲ့ပြီခင်ဗျာ။ မြန်မာအသင်းအတွက်တော့ သရေတစ်မှတ်ရရင် နောက်တစ်ဆင့် တက်နိုင်ပြီဆိုပေမယ့်လည်း အုပ်စုပထမနေရာကို လိုချင်ရင်တော့ နို်င်ပွဲတစ်ပွဲကို ကျိန်းသေပေါက် ရရှိဖို့ လိုအပ်နေတာပါ။

80 Min

လှိုင်းဘိုဘို ဟာ အတွေ့အကြုံများတဲ့ ကစားသမား ပီပီ မြန်မာအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်ပြနေလို့ သူ့ကို လူစားလဲလိုက်ခြင်းဟာ မြန်မာအသင်း ကွင်းလယ်ကို ကစားအား ကျသွားစေမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ကမ္ဘောဒီးယားအသင်းကလည်း သူတို့ရဲ့ လူစားလဲမှုအဖြစ် ကျောနံပတ်(၉) ဘန်ဟိုင်း ကို ထည့်သွင်းလိုက်ပါပြီ။

78 Min

မြန်မာအသင်းက အသင်းခေါင်းဆောင် လှိုင်းဘိုဘို ရဲ့ နေရာမှာ သူရိန်စိုး ကို ထည့်သွင်း ကစားလိုက်ပြီ ခင်ဗျာ။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly