LIVE: မြန်မာ ၂-၁ ကမ္ဘောဒီးယား (Full-time)

02 December 2019
LIVE: မြန်မာ ၂-၁ ကမ္ဘောဒီးယား (Full-time)
Football at the Southeast Asian Games – Men's tournament December 2, 18:3

Myanmar
2-1 (FT)
Group stage · Group A · Matchday 4 of 5
Stadium - Biñan Football Stadium
Myanmar 2 – 1 Cambodia (FT)

မြန်မာအသင်းကတော့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ကမ္ဘောဒီးယားအသင်းကို အောင်ကောင်းမာန်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်သွားခဲ့ပါပြီ။ မြန်မာကစားသမားတွေရဲ့ စွမ်းဆောင်ရည်က တစ်စထက်တစ်စ ပိုကောင်းလာတာကို မြင်နေရပြီး ဒီပုံစံအတိုင်းသာဆိုရင် ဆီးဂိမ်းမှာ အောင်မြင်မှုတွေ ပြန်လည်ရယူဖို့ နီးစပ်လာပြီလို့တောင် ဆိုရမှာပါ။

နောက် လာမယ့် ပွဲစဉ်တွေမှာလည်း မြန်မာအသင်းရဲ့ ဆီးဂိမ်းပွဲစဉ်တွေကို Live Commentary ထုတ်လွှင့်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့်ကြည့်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။

Injury Times (+5)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၅)မိနစ် သတ်မှတ်ပေးထားတယ် ခင်ဗျာ။

90 Min

မြန်မာအသင်းအတွက်တော့ အုပ်စု ပထမနေရာကနေ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီလို့ ပြောရပါတော့မယ်။ ဒီရလဒ်အတိုင်းသာ ပွဲပြီးဆုံးသွားခဲ့ရင် မြန်မာအသင်းအနေနဲ့ ရမှတ်(၁၀)မှတ်နဲ့ အုပ်စု ဗိုလ် ဖြစ်ပြီ ခင်ဗျာ။

Goal!!!

မြန်မာအသင်းက မထင်မှတ်တဲ့ ဖြတ်တင်ဘောကနေ ဂိုးရသွားခဲ့ပါပြီ။ အောင်ကောင်းမာန် သွင်းယူသွားတာ ခင်ဗျာ။

87 Min

ပွဲပြီးဆုံးဖို့က မိနစ် အနည်းငယ် ပဲ လိုတော့တယ် ခင်ဗျာ။ ကြည့်ရတာ ဒီရလဒ်အတိုင်းပဲ ပွဲပြီးသွားတော့မယ်လို့ ထင်ရပုံပါပဲ။ ပွဲပြီးဖို့ နီးလာတာနဲ့အမျှ နှစ်သင်းစလုံးက အမှားမလုပ်မိဖို့နဲ့ ပြိုင်ဖက်ကို အခွင့်အရေးမပေးဖို့ကိုပဲ အာရုံစိုက်နေကြပါတယ်။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly