LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)

10 November 2019
LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)
Premier League November 10, 23:00

Liverpool
3 - 1 (FT)
Fabinho 6' Salah 13' Mane 51' Bernardo Silva 78'
Anfield
85 Min

ပွဲချိန် မိနစ် (၈၀)ကျော်လာခဲ့ပြီဖြစ်ပြီး (၃-၁)ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးသွားမလားဆိုတာ စောင့်ကြည့်နေကြရပါပြီ။ မန်စီးတီးက ချေပဂိုးရဖို့ ဆက်လက်ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိ အလုပ်မဖြစ်သေးဘူး ခင်ဗျာ…။

83 Min

မန်စီးတီးအသင်းကချေပဂိုးတွေ ထပ်ရဖို့ ဆက်လက် ဖိအားပေးနေဆဲပဲ ခင်ဗျာ။ အခုအချိန်မှာလည်း စတာလင် ရဲ့ ထိုးဖောက်မှုကို မန်စီးတီးအသင်း ဂိုးသမား ဘရာဗို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

81 Min

ဒီတစ်ပတ်ပြီးရင်တော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ခဏနားမှာဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေက အစားထိုး ဝင်ရောက်လာမှာပါ။ လက်ရှိအခြေအနေအရတော့ လီဗာပူးလ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အမှတ်တွေပြတ်ပြီး ဦးဆောင်ထားနိုင်မယ့် အနေအထားပဲ ခင်ဗျာ။

79 Min

လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုရဲ့နေရာမှာ ချိန်ဘာလိန်ဝင်ရောက်လာတာကို တွေ့ရတယ်ခင်ဗျာ။ ကလော့ပ်ကတော့ တိုက်စစ်ထက် ခံစစ်ကို ဦးစားပေး ကစားတော့မယ့် ပုံပါပဲ။

Goal!!!

ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးဧရိယာအပြင်က ကန်ချက်က ဂိုးအဖြစ် ပြောင်းလဲသွားခဲ့တယ်ခင်ဗျာ။ မန်စီးတီးအသင်း ချေပဂိုးတစ်ဂိုး စတင်ရရှိသွားခဲ့ပါပြီ။