Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
Leicester 2 - 0 Arsenal (FT)

လက်စတာအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပါပြီ။ လက်စတာ နည်းပြ ရော်ဂျာနဲ့ သူ့ရဲ့ ကစားသမားတွေက အကောင်းဆုံး အိမ််ကွင်းစွမ်းဆောင်ရည်ကို ပြသသွားခဲ့ပြီး အာဆင်နယ်ကို အမှတ်ဗလာနဲ့ အိမ်ပြန်သွားစေခဲ့တာပါ။

မနက်ဖြန်မှာလည်း လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို Mizzima က တိုက်ရိုက် Live Commetary အဖြစ် ထုတ်လွှင့်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။

 

90+3 (Injury Time)

ဒုတိယပိုင်းပွဲချိန် မိနစ် (၉၀) ပြည့်သွားခဲ့ပြီး နာကျင်အချိန်ပို (၃ ) မိနစ်ကို ဆက်လက် ကစားနေရပြီ ခင်ဗျာ။ လက်စတာအသင်းနဲ့ အာဆင်နယ်အသင်းတို့ ဒီနေ့ ကစားပုံ သိပ်မကွာခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းက စကားပြောသွားခဲ့ပြီး ဗာဒီ ဦးဆောင်တဲ့ လက်စတာ တိုက်စစ်က အခွင့်အရေးတွေကို ပိုပြီး အသုံးချနိုင်ခဲ့တယ်လို့ လက်ခံရတော့မှာပါ။

89 Min

ဗာဒီ ကို တားဆီးပုံ ကြမ်းတမ်းခဲ့တဲ့ ဘယ်လာရင် တစ်ယောက် အဝါကတ် အပြခံရပြီ ခင်ဗျာ။

88 Min

အမ်မရီအတွက်ကတော့ ဒီပွဲက အာဆင်နယ်ကို ကိုင်တွယ်ခဲ့တာ ပွဲ(၅၀) ပြည့်သွားခဲ့တဲ့ ပွဲဖြစ်ပြီး ရလဒ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာကတော့ အမှတ်တရ တစ်ခုလို ဖြစ်သွားခဲ့တယ်ခင်ဗျာ။ လက်ရှိအခြေအနေအရလည်း လက်စတာ က အနိုင်ရဖို့ သေချာသလောက်ဖြစ်သွားခဲ့ပြီး အမ်မရီရဲ့ အနာဂတ်ကတော့ ပိုလို့ လှုပ်ခတ်လာခဲ့ပါပြီ။

ဗာဒီ vs အာဆင်နယ်

ဗာဒီဟာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် (၉)ပွဲ ရင်ဆိုင်ကစားရာမှာ (၉)ဂိုးအထိ သွင်းယူထားပါတယ်။

Updates

4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago

Pages

Mizzima Weekly