Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
86 Min

အာဆင်နယ်အသင်းအနေနဲ့တော့ ချေပဂိုးရဖို့ မမြင်တော့သလောက်ပဲ ခင်ဗျာ။ ပွဲကြည့်စင်မှာတော့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကို မြင်တွေ့နေရပြီး နည်းပြ အမ်မရီကလည်း ကွင်းဘေးမှာ ဦးဆောင်နိုင်စွမ်း ပျောက်ဆုံးနေပုံပါပဲ။

84 Min

လက်စတာအသင်းအနေနဲ့ ဒီအတိုင်းသာ ပွဲပြီးသွားခဲ့မယ်ဆိုရင် အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ယာယီ တက်လှမ်းနိုင်မှာ ခင်ဗျာ။ ဘရန်ဒန်ရော်ဂျာအတွက်တော့ ကျေနပ်စရာ အခိုက်အတန့်လို့ ပြောရမလားပါပဲ။

82 Min

ပွဲပြီးဖို့က (၁၀)မိနစ် ကျော်ကျော်လောက်ပဲ လိုတော့တယ် ခင်ဗျာ။ အာဆင်နယ်အသင်းက တော်ရဲရား ရဲ့နေရာမှာ ဝီလ်လော့ ကို ထည့်သွင်း ကစားစေပါတယ်။

80 Min

လက်စတာအသင်းက ဦးဆောင်ဂိုး (၂)ဂိုးရသွားခဲ့လို့ ဖိအားကင်းကင်းနဲ့ ကစားနိုင်နေပြီဖြစ်ပြီး အာဆင်နယ်ကတော့ ချေပဂိုးအတွက် လက်ကျန်မိနစ်တွေမှာ ရုန်းကန်ရတော့မှာပါ။

78 Min

အာဆင်နယ်အသင်းက ခံစစ်က ဟိုးလ်ဒင်းရဲ့နေရာမှာ ပီပီ ကို ထည့်သွင်းကစားတယ်ခင်ဗျာ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly