LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

Everton 0 – 0 Arsenal (FT)

အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိ၊ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ နည်းပြသစ်တွေနဲ့ လက်တွဲရတော့မယ့် အသင်းနှစ်သင်းရဲ့ ကစားပုံက အားရစရာမရှိခဲ့ပေမယ့် သရေတစ်မှှတ်စီကိုတော့ ပိုင်ဆိုင်သွားနိုင်ခဲ့ကြတာပါ။

ကဲ…နောက်နေ့တွေမှာလည်း Mizzima က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ်တွေကို ရွေးချယ်ပြီး တိုက်ရိုက် Live Commentary ထုတ်လွှင့်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်း စောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။

Yellow Card

အာဆင်နယ်အသင်း ကွင်းလယ်လူ ဝီလော့ခ် တစ်ယောက်တော့ အဝါကတ်အပြခံလိုက်ရပြီ ခင်ဗျာ။

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀)ပြည့်လို့  နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

89 Min

ပွဲကစားချိန်က မိနစ်အနည်းငယ်သာ ကျန်တော့တာပါ။ ကွင်းထဲမှှာတော့ အဲဗာတန်နောက်ခံလူ မီနာ တစ်ယောက် ဒဏ်ရာရနေခဲ့တာကို မြင်နေရပြီး သူ့ရဲ့ပေါင်ကြားကို ဘောလုံးမှန်သွားခဲ့လို့ တော်တော်လေး အခံရခက်နေပုံ ခင်ဗျာ။ အာဆင်နယ်အသင်းနောက်ခံလူ ချန်ဘာတစ်ယောက်တော့ ဟိုးလ်ဂိတ်ကို တားဆီးဖို့  ကြိုးစားရင်း အဝါကတ် ထိသွားခဲ့ပါပြီ။

87 Min

လူစားဝင်လာခဲ့တဲ့ လာကာဇက်တစ်ယောက် ဂိုးကန်သွင်းခွင့်ရမလို ဖြစ်ခဲ့ပြီးမှ လူကျွံနေခဲ့တယ် ခင်ဗျာ

Updates

4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago

Pages

Mizzima Weekly