LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်

11 January 2020
LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်
Premier League January 11, 19:00

Crystal Palace
1-1
Jordan Ayew 54' Aubameyang 12'
 
Selhurst Park
88 Min

ကစားသမားတစ်ယောက် အထုတ်ခံထားရတယ်ဆိုပေမယ့်လည်း ပွဲပြီးခါနီး မိနစ်တွေမှာ အာဆင်နယ်ကတောင် ဖိအားပေး ကစားနေတာကို တွေ့နေရတယ် ခင်ဗျာ။ မာတီနယ်လီ ကို ထည့်လိုက်တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက် မှန်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ဒီ လူငယ်ကစားသမားလေးက အာဆင်နယ် တိုက်စစ်မှာ အဓိက ရုန်းကန်သူ ဖြစ်လာခဲ့ပါတယ်။

86 Min

အာဆင်နယ်အသင်းတိုက်စစ်မှူး မာတီနယ်လီ ကို တွမ်ကင်း ဖျက်ထုတ်ပုံကြမ်းခဲ့လို့ အာဆင်နယ်ကစားသမားတွေက အနီကတ်ပြဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြတာပါ။ ဒါပေမယ့် ကွင်းလယ်ဒိုင် တီယာနေး ကတော့ အဝါကတ် ပြစ်ဒဏ်ပဲ ပြသခဲ့တယ် ခင်ဗျာ။

84 Min

အာဆင်နယ်အသင်းတိုက်စစ်ကစားသမား ပီပီရဲ့ ကန်ချက်က ဂိုးတိုင်ထိပြီး ပြန်ထွက်လာခဲ့တာ ခင်ဗျာ။ အာဆင်နယ််အသင်းအတွက်တော့ ကံဆိုးတဲ့ ညတစ်ညလို့ ပြောရမှာဖြစ်ပြီး ဘောလုံးက ဂိုးထဲဝင်ဖို့  တော်တော်လေးကို နီးစပ်ခဲ့တာပါ။

82 Min

ပွဲပြီးဆုံးဖို့က (၁၀)မိနစ်လောက်ပဲ လိုတော့တာပါ။ အာဆင်နယ်အသင်းအနေနဲ့တော့ လက်ကျန်မိနစ် အနည်းငယ်မှာ အမှားအယွင်းတွေ မလုပ်မိဖို့ လိုအပ်နေပြီး ပဲလေ့စ်တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့တော့ လိုအပ်နေတယ် ခင်ဗျာ။

80 Min

အာဆင်နယ််အသင်းကစားသမားတွေ ဘောလုံးဖျက်ရာမှာ ဂိုးထဲဝင်သွားခဲ့တယ်ဆိုပြီး ပဲလေ့စ် ကစားသမားတွေက ငြင်းခုန်နေကြတာ ခင်ဗျာ။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ ထောင့်ကန်ဘောအဖြစ်သာ သတ်မှတ်ပေးခဲ့ပါတယ်။