
Arsenal
Aubameyang 13' Jorginho 83' Abraham 87'

Man United
Emirates Stadium



Emirates Stadium
အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ အာဆင်နယ်အသင်းက ပွဲချိန် မိနစ်် (၈၀)အထိ (၁-၀)ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဂျော်ဂျင်ဟို၊ အေဗရာဟင် တို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရလို့ ပွဲအပြီးမှာ (၁-၂)ဂိုးနဲ့ ရှုံးသွားခဲ့တာပါ။
အာဆင်နယ်နည်းပြသစ် အာတီတာ အတွက်တော့ သူ့ရဲ့ပထမဆုံး အိမ်ကွင်းပွဲစဉ်ဟာ စိတ်ပျက်စရာ ရလဒ်မျိုး ဖြစ်သွားခဲ့ပြီး ဒုတိယပိုင်းဆို်ရင် ကစားအားကျသွားတတ်တဲ့ အာဆင်နယ်ကစားသမားတွေရဲ့ အခြေအနေကို ကြိုးစားပြီး ပြင်ဆင်ရဦးမယ့်ပုံပါ။
တစ်ဖက်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများနေတဲ့ လမ်းပတ် ကအဖိုးတန် (၃)မှတ်ကို ရရှိသွားခဲ့တာဖြစ််ပြီး နှစ်သစ်ကို ရမှတ််(၃)မှတ်နဲ့ ကြိုဆိုလိုက်နိုင်ခဲ့ပါပြီ။
ကဲ….လာမယ့် အပတ်တွေမှာလည်း Mizzima အနေနဲ့ ဥရောပရဲ့အကောင်းဆုံး ပွဲစဉ်တွေကို ရွေးချယ်ပြီး တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို စောင့််ကြည့်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော််…။

ပွဲကစားချိန် မိနစ် (၈၀)ကျော်တဲ့အထိ ထိန်းကစားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းက ပွဲချိန် (၁၀)မိနစ်အတွင်းမှာပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုလိုက်ရတာ ခင်ဗျာ။ အာဆင်နယ်နည်းပြသစ် အာတီတာ အတွက်တော့ စိတ်ပျက်ဖို့ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်သွားခဲ့ပြီး လမ်းပတ်ရဲ့ နည်းစနစ်ပိုင်းကို ဒူးထောက်လိုက်ရတဲ့ပွဲလို့တောင် ဆိုရမလို ဖြစ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးပရိသတ်တွေကတော့ အောင်ပွဲခံကုန်ကြပြီ ခင်ဗျာ။
www.mizzima.com
www.mizzimaburmese.com
www.mizzimaweekly.com
[email protected]
[email protected]
+95 1 295398
+95 9421010111