Kyrgyzstan 7-0 Myanmar (Full-time)

10 October 2019
Kyrgyzstan 7-0 Myanmar (Full-time)



World Cup Qualifiers Today Full-Time

Kyrgyzstan 7-0 Myanmar

Goal - Bernhardt (5', 10', 87'p)၊ Şukurov (20', 71')၊ Alykulov (26') Kichin (44') 

Second Round · Second Round Group F
Stadium: Spartak Stadium Kyrgyzstan

Photo: MFF
Photo: MFF
ကာဂျစ်စတန်အသင်းနှင့် ပွဲစဉ်အပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် Miodrag Radulovic ၏ ပြောစကား

"ကာဂျစ်စတန် အသင်းက ကျွန်တော်တို့ထက်ပိုကောင်းခဲ့တဲ့ အသင်းပါ။ ကျွန်တော်တို့လည်း အခွင့်အရေး ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်အရေးတွေကိုသာ စောစော အသုံးချနိုင်ခဲ့ရင် ပွဲရလဒ်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒီပွဲမှာ အာရုံစိုက်မှုအားနည်းခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ အသင်းကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်နေပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲလိုပြိုင်ပွဲမျိုးအတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်"

မြန်​မာအသင်း ​၃ပွဲဆက်​ ရှုံးနိမ်​့၊ အမှတ်​​ပေးဇယား​အောက်​ဆုံးအဆင်​့တွင်​ ​ပေးဂိုး အများဆုံးဖြင်​့ ရပ်​တည်​

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် မြန်မာလက်ရွေးစင်အသင်း တို့ ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အသင်း အနေဖြင့် ​ပေးဂိုး ၇ ဂိုး ဖြင်​့ ကာဂျစ္စတန်​အသင်​းကို ဂိုးပြတ်​ရှုံးနိမ်​့ခဲ့သည်​။ အပြည့်အစုံ - http://bit.ly/35nNt0o

Full Time

ပွဲကစားချိန်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲပြီးဆုံးချိန်မှာတော့ မြန်မာအသင်းကအိမ်ရှင် ကာဂျစ်စတန်အသင်းကို (၇-၀)ဆိုတဲ့ ဂိုးရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

90+3

ကာဂျစ်စတန်ကစားသမားတွေကတော့ တိုက်စစ််ဆင် ကစားနေတုန်းပါပဲ။ မြန်မာအသင်းပရိသတ်တွေကတော့ ဂိုးထပ်မသွင်းဖို့သာ ဆုတောင်းနေရတုန်းပါ။

Injury Times

ပွဲကစားချိန် မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပို (၄)မိနစ် သတ်မှတ်ပေးထားခဲ့ပါတယ်။ မြန်မာအသင်း တိုက်စစ်မှူးတွေကတော့ ကာဂျစ်စတန်ဂိုးပေါက်ကို ပွဲပြီးသွားတဲ့အချိန်မှှပဲ ကန်ခွင့်ရတော့မယ်ထင်ပါတယ်။