LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)

15 February 2020
LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)
La Liga February 15, 21:30

Barcelona
2-1 (FT)
Griezmann 33' Roberto 39' Angel Rodriguez 66
Stadium: Camp Nou
Barcelona 2 – 1 Getafe (FT)

ဘာစီလိုနာအသင်းနဲ့ ဂီတာဖေးအသင်းတို့ရဲ့ပွဲချိန် မိနစ် (၉၀)ကတော့  ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂီတာဖေးအသင်းက ဒုတိယပိုင်းမှာ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် ချေပဂိုးတစ်ဂိုးကို မသွင်းယူနိုင်တော့တာကြောင့် ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့ အရှုံးပေးလိုက်ရတာပါ။

ဘာစီလိုနာအသင်းက ဒီပွဲမှာ အနိုင်ရခဲ့တယ်ဆိုပေမယ့် ဂီတာဖေးအသင်းရဲ့ ကြိုးစားမှုနဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးရမှာဖြစ်ပြီး သူတို့တတ်နိုင်သလောက် ဘာစီလိုနာအသင်းကို အခက်တွေ့အောင် ကစားပြခဲ့ကြတာပါ။

ကဲ…မနက်ဖြန်မှာလည်း Mizzima အနေနဲ့  ပရီးမီးယားလိဂ်ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဗီလာအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကို တိုက်ရိုက် Live Commentary တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို ဆက်လက် စောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။

 

Injury Times (+3)

ဒုတိယပိုင်း မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

88 Min

ဘာစီလိုနာအသင်းက တိုက်စစ်ကစားသမားလေး ဖာတီရဲ့နေရာမှာ ဗီဒယ် ကို ထည့်သွင်း ကစားလိုက်ပြီ ခင်ဗျာ။ ကွင်းလယ်ဒိုင်ကတော့ ဖာတီတစ်ယောက် ကွင်းအတွင်းကနေ ထွက်ခွာရာမှာ အချိန်ဆွဲတယ်ဆိုပြီး အဝါကတ်ပြား ပြသလိုက်ပါတယ်။

Yellow Card!!

ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ ဖာပို တစ်ယောက် အဝါကတ် ပြသခံလိုက်ရပြန်ပြီ ခင်ဗျာ

87 Min

ဘာစီလိုနာကို အားပေးထားတဲ့ ပရိသတ်တွေအတွက်တော့ နောက်ထပ် သွင်းဂိုးတစ်ဂိုး လိုအပ်နေသေးတာ ခင်ဗျာ။ ဒါပေမယ့်လည်း လက်ရှိအခြေအနေအရတော့ ဘာစီလိုနာဟာ နောက်ထပ် ဂိုးသွင်းဖို့ထက် သူတို့ရထားတဲ့ ဦးဆောင်ဂိုးတွေကို ပြန်မပေးရအောင် ကြိုးစားနေရတဲ့အနေအထားပါ။

Updates

3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago

Pages

Mizzima Weekly