အင်တာဗျူး ကြားဖြတ်သတင်း
ကြားဖြတ်သတင်း Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 12 2008 17:41 - မြန်မာစံတော်ချိန်

ရန်ကုန်လုံခြုံရေး တိုးမြှင့်

လွှင့်တင်ချိန်။    ။ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၀၈ ခုနှစ် ၁၂:၃၀ - မြန်မာစံတော်ချိန်

လုံထိန်းများ ထရပ်ကား ၂ စီး အပြည့် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံရှေ့တွင် ရပ်နားထားသည်။
ပြည်သူ့ရင်ပြင်ကို ပြည်သူလူထုသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားလိုက်ပြီး ရဲနှင့်စစ်သားများ ၀င်းအတွင်းနှင့် အနီးတွင် တပ်စွဲထားသည်။

မနက်ဖြန် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ပြည်လမ်းကို မနက် ၆ နာရီမှ ၉ နာရီ အထိ ပိတ်ပင်ထားမည် ဖြစ်သည်ဟုလည်း ကြေညာထားသည်။

လက်နက် အပြည့်အစုံ တပ်ဆင်ထားသော လုံထိန်းရဲ အင်အား ၂၀၀ ခန့်က စစ်ထရပ်ကား ၄ စီးနှင့် ရန်ကုန်မြို့တွင်း လှည့်လည်လျှက် ရှိသည်။ 

----------------------------------------------------------- 

မေ ၂၀၀၈ ဆန္ဒခံယူ၊ ၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်မည်

လွှင့်တင်ချိန်။    ။ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃:၄၀ - မြန်မာစံတော်ချိန်

စစ်အစိုးရ၏ စနေနေ့ည ထုတ်ပြန် ကြေညာချက်များတွင် လမ်းပြမြေပုံ၏ စတုတ္တအဆင့် ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ပြည်လုံးကျွတ် ဆန္ဒခံယူခြင်းကို မေလ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

နအဖ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးက ကြေညာချက် ၂ ရပ်လုံးကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုလည်း ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်ဟုလည်း ပါရှိသည်။

နေဘုန်းလတ်ကို အင်းစိန်တိုက် ၄ ပို့

စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို အင်းစိန်ထောင် တိုက် ၄ အဆောင် ၂၉ သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန်မှာ သန်းခေါင်စာရင်း ကောက်ပြန်

လွှင့်တင်ချိန်။    ။Sunday, 10 February 2008 14:30 - မြန်မာစံတော်ချိန်

ရန်ကုန်။   ။ မိသားစုဝင်များ၏ စာရင်းကို ဓာတ်ပုံနှင့်တကွ ရိုက်ယူခြင်းများ ရန်ကုန်တိုင်းအတွင်းရှိ မြို.နယ်များတွင် ဖေဖော်ဝါရီ လဆန်းမှ စတင်၍ ပြန်လည် လုပ်ဆောင် လာပြန်သည်။

မိသားစုအတွင်း လူဦးရေ အတိုး၊ အလျော့ကို ပြန်လည်စိစစ်ပြီး ဓါတ်ပုံ ရိုက်ယူခြင်းများကို ၂၀၀၇ ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့ပြီးနောက် ယခုတခါ ထပ်မံ လုပ်လာခြင်း ဖြစ်သည်။

"အဒေါ်တို့ကတော့ ဘာကြောင့်မှန်းတော့ မသိဘူး၊ သူတို့က လာကောက်တယ် ဆိုတော့လည်း သွားလိုက်ရတာပေါ့။ သန်းခေါင်စာရင်းတော့ ယူသွားရတယ်၊ လူတိုးလာတဲ့ အိမ်တွေလည်း ဓါတ်ပုံတွေ ထပ်ရိုက်ရတယ်၊ အလုပ်တော့ တော်တော် ရှုပ်တယ်" ဟု အမျိုးသမီးကြီးတဦးက ပြောသည်။

ထို့အပြင် ဧည့်စာရင်း တိုင်ကြားရန် အထူး နှိုးဆော်ထားပြီး မတိုင်ကြားသူများကို ဖမ်းဆီးမှုများ ပြုလုပ်လျှက် ရှိသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved