အင်တာဗျူး ရွှေဘို အန်အယ်ဒီအဖွဲ့ဝင်များ အဖမ်းခံရ
ရွှေဘို အန်အယ်ဒီအဖွဲ့ဝင်များ အဖမ်းခံရ Print E-mail
ဖနီဒါ   
ကြာသပတေးနေ့၊ အောက်တိုဘာလ 04 2007 19:41 - မြန်မာစံတော်ချိန်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ အန်အယ်ဒီ အဖွဲ့ဝင် ၃ ဦးအပါအဝင် ဒေသခံ ၅ ဦးကို ယမန်နေ့ညတွင် ဒေသ အာဏာပိုင်များက လာရောက် ဖမ်းဆီးသွားသည်။

ရွှေဘိုမြို့နယ် အန်အယ်ဒီ စည်းရုံးရေး အဖွဲ့ဝင် ဦးအောင်မျိုး (၅ဝ နှစ်)၊ ပါတီဝင် ကိုကျော်သီဟ (၂ဝ နှစ်)နှင့် ကျူရှင်ဆရာ ကိုမောင်မောင်သန်း (ဓါတုဗေဒ) တို့ ၃ ဦးအပြင် အခြားဒေသခံများ ဖြစ်သည့် အောင်စုထူးပိုင် ထီဆိုင်ပိုင်ရှင် ကိုသန်းနိုင်ဦး၊ ကိုမင်းညိုတို့ ၅ ဦးကို ယနေ့ညတွင် ဒုရဲအုပ် နိုင်နိုင်ထွန်း၊ ရဲတပ်သား ၃ ဦး၊ ရယက အဖွဲ့ဝင် ဦးတင်အောင်တို့က နေအိမ်များသို့ လာရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ဧည့်စာရင်း စစ်တာပါလို့ ပြောပြီး လာခေါ်သွားကြပါ။ သူ့ဖုန်းလိုင်း အဖြတ်ခံထားရတယ်လေ” ဟု ဦးအောင်မျိုး၏ မိသားစုဝင်များနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံတဦးက “ကိုမင်းညိုက ကွမ်းသီးရောင်းတယ်။ သူက သံဃာတွေ ဆန္ဒပြတုန်းက ဆိုင်ကယ်နဲ့ ရေသန့်ဗူးတွေ ကပ်လှူနေတဲ့ ပုံက ရန်ကုန်က ထောက်လှမ်းရေး ကင်မရာထဲမှာ ပါတယ်။ အဲဒီဆိုင်ကယ် ပါနေတယ်လို့ ပြောတယ်” ဟု ပြောသည်။

ကိုကျော်သီဟ၏ နေအိမ်ရှိ ပစ္စည်းများကိုမူ မွှေနှောက် ရှာဖွေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ယခင်နှစ်များ အတွင်းက ချဲနှင့် ပတ်သက်သည့် စာရွက်အချို့ကို သိမ်းဆည်းသွားကြောင်းနှင့် ယနေ့ နေ့ခင်းပိုင်းတွင် မိဘများမှ ခယက၊ အထူး ရဲသတင်း တပ်ဖွဲ့၊ စုံစမ်း စစ်ဆေးရေး ရုံးနှင့် မြို့နယ် ရဲစခန်းသို့ သွားရောက် စုံစမ်းရာတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားခြင်းကို မသိရှိရဘဲ ပြန်လာကြရကြောင်း သိရသည်။

“သူတို့က အခုအချိန်မှာ အန်အယ်ဒီတွေကို ဦးစားပေးပြီး ဖမ်းနေတာ။ တနိုင်ငံလုံးပဲ လျှောက်ဖမ်းနေတာ။ အဖွဲ့ဝင်အဖြစ် မလုပ်နိုင်အောင်ပေါ့ဗျာ။ ဥပမာ အသံလွှင့် ဌာနတွေနဲ့ မပြောနိုင်အောင်လို့ ပေါ့ဗျာ။ ပြန့်မသွားအောင် ထိန်းချုပ်တာလည်း ဖြစ်ရင် ဖြစ်မှာပေါ့နော်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved