HTC မိုဘိုင်းဖုန်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Mr. Peter Chou (ဦးဝင်းသန်း)နှင့် တွေ့ဆုံခြင်း

ထိုင်ဝမ်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦး ပိုင်ဆိုင်သော HTC မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံ
အတွက် HTC Smart Phone များ တရားဝင် ဖြန့်ချီခွင့်ကို KMD ကုမ္ပဏီ အုပ်စုအား ပေးအပ်လိုက်ပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် စတင် ဖြန့်ချီခဲ့သည်။
HTC သည် ကမ္ဘာပေါ်တွင် နာမည် ကျော်ကြားသော smart phone ကုမ္ပဏီ တခုဖြစ်ပြီး ကမ္ဘာ့ မိုဘိုင်းဖုန်းတွင်
မြန်မာစာ စနစ်ပါဝင်လာသော ဖုန်းမော်ဒယ်များကို ပထမဦးဆုံး အနေဖြင့် စတင် ဖြန့်ချီလာခြင်း ဖြစ်သည်။
HTC ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Mr. Peter Chou (မြန်မာအမည် ဦးဝင်းသန်း) နှင့် မဇ္ဈိမ ဂျာနယ် အပါအ၀င် မီဒီယာများ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပြီး ယင်းအင်တာဗျူးထဲမှ ပရိသတ်များ သိလိုသည်များကို မဇ္ဈိမ က
ဖော်ပြပေးထားသည်။
HTC မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ အပါအဝင် မြန်မာပြည်၏ မိုဘိုင်းဈေးကွက်ပေါ်တွင် အခြေအနေနှင့် ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် အခြေအနေများကို HTC အမှုဆောင် အရာရှိချုပ်က
ဖြေကြားပေးထားခြင်းဖြစ်သည်။ (အချို့မေးခွန်းများကို HTC ဖြန့်ချိရေး KMD ကုမ္ပဏီ အုပ်စု၏ အထွေထွေ မန်နေဂျာ ဦးစိုးငွေရ က ဝင်ရောက် ဖြေကြားပေးထားသည်။)
မဇ္ဈိမ။ ။ မြန်မာစာက စံမြန်မာစာ စနစ်ကို သုံးထားပါတယ်။ အဲဒါက ဒီမှာဆို စံတခု မဖြစ်သေးပါဘူး။
မြန်မာနိုင်ငံမှာ မြန်မာစာနဲ့ ပက်သတ်ပြီး ရှုပ်ထွေးတာ ရှိပါတယ်။ ဒါကို ဘယ်လို စီစဉ်ပါမလဲ။
ဦးဝင်းသန်း။ ။ သူက ဇော်ဂျီလည်း ရတယ်။ Myanmar 3 လည်း ရတယ်။ အကုန်လုံး ရပါတယ်။
မဇ္ဈိမ။ ။ ဖုန်းတလုံးထဲမှာ မြန်မာစာစနစ် သုံးမျိုးလောက် သုံးနေရတာ သုံးစွဲသူအတွက် ရှုပ်ထွေး နိုင်ပါ
သလား။
ဦးစိုးငွေရ။ ။မြန်မာစာနဲ့ ပတ်သက်ပြီး စံသတ်မှတ်ဖို့ ကြိုးစားနေကြတာတော့ ရှိပါတယ်။ ဒီမှာက မြန်မာစာနဲ့ ပတ်သက်ပြီး နည်းနည်း fighting လုပ် (တိုက်ခိုက်) နေကျတာလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်တို့က လောလော
ဆယ် အချိန်မှာ ဘယ် font (စာလုံး) မှ standard (စံ) မဖြစ်သေးချိန်မှာ စံမြန်မာရော၊ ဇော်ဂျီရော၊ Myanmar 3 ရော သုံးမျိုးစလုံးမှာ သုံးလို့ရအောင် လုပ်ပေးထားပါတယ်။ နောက်ပိုင်းမှာ ဘယ် font က မြန်မာနိုင်ငံအတွက် standard font လို့ ပြောလိုက်တာနဲ့ အဲဒီဖောင့်ကို ကျနော်တို့ follow လုပ် (လိုက်နာ)မှာ ဖြစ်ပါတယ်။ အခုကတော့ ပေါ်ပြူလာ အဖြစ်ဆုံး သုံးမျိုးကို သုံးလို့ရအောင် လုပ်ပေးထားတာပါ။
မဇ္ဈိမ။ ။ လက်ရှိ ဈေးကွက်မှာတော့ Samsung နဲ့ Huawei အမှတ်တံဆိပ်တွေက ဈေးကွက်မှာ နေရာရ
တယ် ပြောနိုင်ပါတယ်။ HTC အနေနဲ့ ပြိုင်ဘက်တွေကို ဘယ်လို ယှဉ်ပြိုင်မယ်ဆိုတာ သိချင်ပါတယ်။
| အခုရှိတဲ့ မြန်မာလို သုံးနေတဲ့ စမတ်ဖုန်းတွေက မြန်မာစာ သုံးလို့မှ မကောင်းတာ။ အဲဒါက မြန်မာပြည်သူတွေအတွက် အကျိုး သိပ်မပေးနိုင်ဘူးပေါ့။ ကျနော်တို့ လုပ်ချင်တာက လွယ်လွယ်ကူကူနဲ့ သုံးလို့ရမယ်။ ပြည်သူတွေအတွက် ဆက်သွယ်ရေး လွယ်ကူတဲ့အပြင် အကျိုးရှိမယ်။ |
ဦးစိုးငွေရ။ ။ ကျနော်တို့ နိုင်ငံမှာ မိုဘိုင်းဈေးကွက်လို့ ပြောမယ်ဆိုရင် သေးသေးလေးပါ။ ဘယ် Brand (အမှတ်တံဆိပ်) ကမှ သူတို့ဖုန်းထဲမှာ မြန်မာစာ ထည့်ပေးဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ Mr. Peter (ဦးဝင်းသန်း)က
မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံပေါ် သံယောဇဉ် ရှိလို့ ဈေးကွက် သေးပေမယ့် Smart Phone ထဲကို မြန်မာစာ စနစ် ထည့်ပေးဖို့ လုပ်ခဲ့တာပါ။ မြန်မာစနစ်ကို Android စနစ်ထဲ Smart ဖုန်းထဲ ထည့်ဖို့ မလွယ်ပါဘူး။ team (အသင်း)တွေ ဖွဲ့ရတယ်။ ပရောဂျက်တွေ သေချာ လုပ်ရပါတယ်။ တခြား ဘယ်သူကမှ ဈေးကွက်သေးသေးလေးထဲကို Smart Phone ထဲထည့်ဖို့ စိတ်မဝင်စားပါဘူး။
ဦးဝင်းသန်း။ ။ ကျနော်ကိုယ်တိုင် တီထွင်ပြီးတော့ စမ်းတာပါ။ ဈေးကွက်သေးတာ၊ ကြီးတာက သိပ်တော့ အရေးမကြီးပါဘူး။ အရေးကြီးဆုံးက အခုရှိတဲ့ မြန်မာလို သုံးနေတဲ့ စမတ်ဖုန်းတွေက မြန်မာစာ သုံးလို့မှ မကောင်းတာ။ အဲဒါက မြန်မာပြည်သူတွေအတွက် အကျိုး သိပ်မပေးနိုင်ဘူးပေါ့။ ကျနော်တို့ လုပ်ချင်တာက လွယ်လွယ်ကူကူနဲ့ သုံးလို့ရမယ်။ ပြည်သူတွေအတွက် ဆက်သွယ်ရေး လွယ်ကူတဲ့အပြင် အကျိုးရှိမယ်။ လူသုံးများတဲ့ အခါမှာလည်း လူမှုစီးပွား အသစ်တွေကို တီထွင်နိုင်မယ်။ ကျနော်တို့က အကုန်လုံး မလုပ်နိုင်ပါဘူး။ ဒီက Developer (ဆော့ဖ်ဝဲရေးသူ) တွေလည်း တီထွင်နိုင်မယ်။ အဲဒါမှ ဒီနိုင်ငံအတွက် ကောင်းတာ။ (ပြည်တွင်း developer များ အလုပ်အကိုင်စီးပွားရေးကို ဆိုလိုခြင်းဖြစ်)။ ဈေးကွက်သေးတာကို ကျနော် မကြည့်ပါဘူး။ ကျနော် လုပ်ချင်တာက ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာအကောင်းဆုံးလဲ ဆိုတာပါ။ ဒါက ကျနော့် ရင်ထဲက ဒီနိုင်ငံအတွက် လုပ်ချင်တာ
ပါ။

ဦးစိုးငွေရ။ ။ ကျနော်တို့က ဈေးကွက်ကို ယှဉ်ပြိုင်တဲ့ နေရာမှာ ဈေးနဲ့ မယှဉ်ပြိုင်စေချင်ပါဘူး။ ကျနော်တို့ ပြိုင်တာက Innovative (တီထွင်မှု) ဖြစ်တဲ့ နည်းပညာရယ်၊ quality (အရည်အသွေး) ရယ်၊ ဝန်ဆောင်မှုရယ် ပြိုင်ချင်ပါတယ်။ ဝန်ဆောင်မှု ဆိုရင်လည်း အခုက သွင်းတယ်၊ ရောင်းတယ်ဆိုတာပါပဲ။ ဝန်ဆောင်မှုဆိုရင် ကျနော်တို့ ဘယ်သူ့ကို
ခေါ်လို့ခေါ်ရမှန်း မသိပါဘူး။ ကျနော်တို့က မရောင်းခင်ကလည်းက Service Center (ဝန်ဆောင်မှု ဌာန) ကို ရအောင် ဖွင့်တယ်။ HTC က Service Center မရှိဘူးဆိုတာ မဖြစ်စေရဘူး။
ရန်ကုန် မီဒီယာ ဂရု။ ။ မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍကို ဘယ်လောက်ထိ လေ့လာ သုံးသပ်မိလဲ။ လိုအပ်ချက်တွေ ဘာတွေ တွေ့လဲ။ မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍမှာ HTC အနေနဲ့ ရင်းနှီးမြှုပ်နှံသွားဖို့
ရော ရှိပါသလား။
| ကျနော်တို့က ဈေးကွက်ကို ယှဉ်ပြိုင်တဲ့ နေရာမှာ ဈေးနဲ့ မယှဉ်ပြိုင်စေချင်ပါဘူး။ ကျနော်တို့ ပြိုင်တာက Innovative (တီထွင်မှု) ဖြစ်တဲ့ နည်းပညာရယ်၊ quality (အရည်အသွေး) ရယ်၊ ဝန်ဆောင်မှုရယ် ပြိုင်ချင်ပါတယ်။ |
တွေကောင်းကောင်း လုပ်ရမယ်။
ကျနော် အကြံပေးချင်တာက လုပ်မယ်ဆိုရင် အကောင်းဆုံး ကမ္ဘာ့ အဆင့်အတန်း အကောင်းဆုံး လုပ်စေချင်ပါတယ်။ အစုတ်အပြတ်တွေ သွားမလုပ်ပါနဲ့။ ဒါပေမယ့် ကွန်ယက် မကဘူး။ ဝန်ဆောင်မှု ကလည်း အရေးကြီးပါတယ်။ ဝန်ဆောင်မှုက နှစ်မျိုး ရှိပါတယ်။ သုံးစွဲသူတွေကို ပေးတဲ့ ဝန်ဆောင်မှုနဲ့ နောက်တမျိုးက Application Experience
ပေါ့။ ဒါကလည်း အရေးကြီးပါတယ်။ ကျနော်က ကမ္ဘာပေါ်မှာ စမတ်ဖုန်းတွေ ထုတ်တဲ့ နေရာမှာ Pioneer (ကနဦးတီထွင်သူ) တယောက်ပေါ့။ ကျနော်လုပ်တာ ကြာလှပြီ။ ကျနော် မြင်တာက အနာဂတ်မှာဆိုရင် cloud computing နည်းပညာတွေကို အများကြီး သုံးပြီးတော့ ပြည်သူတွေရဲ့ ဝန်ဆောင်မှုတွေ လုပ်လို့ရတယ်။ ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး အများကြီး လုပ်လို့ ရပါတယ်။ အခုက ဘာမှတောင် မရှိသေးပါဘူး။
တစ်က ကွန်ယက် အရည်အသွေး၊ နှစ်က Network Services Quality၊ နောက်တခုက Application Experience, Cloud computing, e-Commerce (အွန်လိုင်းအရောင်းအဝယ်) အဲဒါတွေ အများကြီး ဖြစ်လာမယ်ဆိုရင် စီးပွားရေး အသစ်တွေ တီထွင်လာနိုင်မယ်။ လူတွေ အားလုံးရဲ့ အခွင့်အရေးလည်း ပိုကောင်းလာမယ်။ ဒီနိုင်ငံရဲ့ တိုးတက်ရေးမှာ
လည်း အရေးကြီးတယ် ထင်ပါတယ်။
မော်ဒန်။ ။ ဆက်သွယ်ရေး ဥပဒေကြမ်းကို အတည်ပြုပြီးရင် အော်ပရေတာ အနေနဲ့ရော ဝင်ရောက်ယှဉ်ပြိုင်
ဖို့ ရှိပါသလား။
| ကျနော်တို့က အစုတ်အပြတ်တွေ မလုပ်ချင်ဘူး။ အရည်အသွေး မကောင်းတာကိုလည်း မပေးချင်ပါဘူး။ လုပ်ရတာ မခက်ပါဘူး။ သုံးစွဲသူကို သိစေချင်တာက HTC က အရည်အသွေး ကောင်းတာကို သိစေချင်ပါတယ်။ ကျနော်တို့လည်း ဈေးမဆိုးတဲ့ မိုဒယ်တွေ ရှိပါတယ်။ ဈေးကြီးတာပဲ လုပ်တာတော့ မဟုတ်ပါဘူး။ အကောင်းဆုံး ပစ္စည်းကို ပေးချင်တာပါ။ |
အကူအညီပေးမယ်ဆိုလည်း ရပါတယ်။ ကျနော်က ကမ္ဘာပေါ်မှာ အဆက်အသွယ် အများကြီး ရှိပါတယ်။ Resource (အရင်းအမြစ်) အကောင်းဆုံးတွေကိုလည်း
ခေါ်လာနိုင်ပါတယ်။
မဇ္ဈိမ။ ။ဆက်သွယ်ရေး ဝန်ကြီးနဲ့ တွေ့ခဲ့တော့ ဘယ်လိုကဏ္ဍတွေမှာ အဓိက ဆွေးနွေးခဲ့ပါသလဲ။
ဦးဝင်းသန်း။ ။ ကျနော်က အသေးစိတ်က သိပ်တော့ ပြောလို့ မကောင်းပါဘူး။ ဝန်ကြီးဌာနတွေ တော်တော်များများနဲ့ တွေ့ခဲ့ပါတယ်။
7 Day News ။ ။ဈေးနှုန်းကို လူတန်းစား အားလုံး သုံးလို့ရအောင် လုပ်ဖို့ ရှိပါသလား။
ဦးဝင်းသန်း။ ။ ကျနော်တို့က Innovation (တီထွင်မှု) မှာ ဦးစားပေးတာ များတယ်။ တီထွင် ဖန်တီးတဲ့ နေရာမှာ ထုတ်ကုန်က အကောင်းဆုံး လုပ်ချင်တာပေါ့။ ကမ္ဘာပေါ်မှာလည်း HTC ကို တော်တော်လေး ကြိုက်ပါတယ်။ price (ဈေးနှုန်း) မှာလည်း လူများများကို ပေးသုံးချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က အစုတ်အပြတ်တွေ မလုပ်ချင်ဘူး။ အရည်အသွေး မကောင်းတာကိုလည်း မပေးချင်ပါဘူး။ လုပ်ရတာ မခက်ပါဘူး။ သုံးစွဲသူကို သိစေချင်တာက HTC က အရည်အသွေး ကောင်းတာကို သိစေချင်ပါတယ်။ ကျနော်တို့လည်း ဈေးမဆိုးတဲ့ မိုဒယ်တွေ ရှိပါတယ်။ ဈေးကြီးတာပဲ လုပ်တာတော့ မဟုတ်ပါဘူး။ အကောင်းဆုံး ပစ္စည်းကို ပေးချင်တာပါ။ အဲဒါက ပထမ ဦးစားပေးပါ။ လူတွေက သိလာလိမ့်မယ်။ ဒါက ကောင်းတယ်။ ဟိုဟာက မကောင်းဘူး။
မဇ္ဈိမ ။ ။HTC မြန်မာနိုင်ငံကို ဝင်လာတဲ့အခါမှာ အစိုးရ မူဝါဒပိုင်း အပါအဝင် အခြား ဘယ်လို အခက်အခဲ
တွေ ရှိခဲ့ပါသလဲ။
ဦးဝင်းသန်း။ ။ ကျနော်တို့ ဘာမှ မရှိခဲ့ပါဘူး။ အကုန်လုံး အဆင်ပြေပါတယ်။















