လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲခံရခြင်း ရှစ်နှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို သံဃာတော်တွေအပါအဝင် ဒေသခံတွေက သပိတ်စခန်းဖွင့်ကန့်ကွက်ခဲ့တာကို အကြမ်းဖက်ဖြိုခွဲခံခဲ့ရခြင်း ရှစ်နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့ ဗဟာဗန္ဓုလ ပန်းခြံမှာ ညနေ ၃ နာရီခန့်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယနေ့အချိန်အထိ တစ်စုံတစ်ရာ ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိတဲ့အပေါ် သံဃာတော် ၂ ပါး အပါအဝင် လူပုဂ္ဂိုလ် ၁၀ဦးခန့်က သက်ဆိုင်ရာကို ခွင့်ပြုမိန့်တောင်းခံပြီး ရှစ်နှစ်ပြည့် အထိန်းအမှတ်အဖြစ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - သူရ /မဇ္ဈိမ