(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူများ စတင်ထုတ်ဝေ

(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသစ်ထပ်မံထုပ်လုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူများကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင် ကာ မြန့်မာစီးပွားရေးဘဏ်ခွဲများတွင်  စတင်ထုတ်ဝေပေးလျက် ရှိသည်။

အဆိုပါ အသစ်ထပ်မံ ထုတ်ဝေသည့် ၅၀၀ ကျပ်တန်ငွေစက္ကူများကို ယနေ့တွင် လူတစ်ဦးလျှင် ၂ ရွက်စီသာ ထုတ်ယူနိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀ကျပ်တန်ကို ၂၀၂၀ခုနှစ် ၊ဇန်နဝါရီ ၄ ရက် တွင် စတင်ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာခဲ့ပြီး ရုံးပိတ်ရက်များဖြင့်တိုက်ဆိုင်နေသည့်အတွက် ဇန်နဝါရီ ၇ ရက်တွင် ပြည်သူများထံသို့ လဲလှယ်ဖြန့်ချိပေးခဲ့သည်။

ဓာတ်ပုံ - သက်ကို  / မဇ္ဈိမ