တရားဟောဆရာ ဒေးဗစ်လားအမှု လေးကြိမ်မြောက် ရုံးထုတ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံထားရသော တရားဟောဆရာ စောဒေဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်) တို့နှစ်ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဇွန်လ ၁၀ ရက်နေ့က စတုတ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားလိုပြ သက်သေ သုံးဦးကို စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုပြီး တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ နှစ်ဦးအပါအဝင် လေးဦးကို ဧပြီလ ၁၃ ရက် နေ့က သက်ဆိုင်ရာ မြို့နယ် တရားရုံးများတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နှင့် တရားစွဲ ခံထားရသေ လေးဦးအနက် ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)၊နှင့် ဦးစောရေဂန်ဒီတို့ကိုလည်း အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ