မီဇိုးမျိုးနွယ်စုတွေတို့၏ Chapchar Kut ပွဲတော်

မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၏မြို့တော် အိုက်ဇောတွင်နေထိုင်သော မီဇိုးမျိုးနွယ်စုများ၏ Chapchar Kut 2020 ပွဲတော် ကို မတ်လ ၆ ရက်နေ့တွင်ကျင်းပခဲ့သည်။

အဆိုပါပွဲတော်သည် တောင်ယာလုပ်ငန်းများပြီးဆုံး၍ နောင်နှစ်တောင်ယာများမစမီ အလုပ်အား လပ်နေသည့်အချိန် ပျော်ပွဲရွင်ပွဲအနေဖြင့် ပြုလုပ်ခြင်းဟုလည်းသိရသည်။

Chapchar Kut ပွဲတော်ကို ဟိုအရင်ကတည်းက နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကာ မြန်မာနိုင်ငံတွင်ဆိုပါက ကလေးမြို့၌ မတ်လနှင့် ဧပြီလတို့တွင် ပြုလုပ်လေ့ရှိသည်။

အိုက်ဇောမြို့မှာကျင်းပခဲ့သည့် Chapchar Kut 2020 ပွဲတော်ကို မြန်မာအပါအဝင် အိန္ဒိယနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်များလည်းတက်ရောက်ခဲ့သည်။

ဓာတ်ပုံ - သူရ (မဇ္ဈိမ)