ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ထိခိုက်နေတဲ့ ဝူဟန် ရွှေ့လျားဆေးရုံတွေ ဆောက်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ပြပွဲစင်တာတစ်ခုကို ကုတင် (၂,၀၀၀)ဆံ့ ရွှေ့လျား ဆေးရုံတစ်ခုအဖြစ် ပြောင်းလဲလိုက်တာကို ဖေဖော်ဝါရီ ၄ ရက်နေ့က မြင်တွေ့ရတာဖြစ်ပါတယ်။ ဝူဟန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ များလာမှုရဲ့ လိုအပ်ချက်အရ အားကစားရုံတစ်ခုနဲ့ ပြပွဲစင်တာ နှစ်ခုတို့ကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်အစိုးရရဲ့ နောက်ဆုံးအတည်ပြုချက်အရ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ (၄၂၅)ဦးအထိ ရှိပြီး ကူးစက်ခံရသူပေါင်း (၂၀,၄၀၀)ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။ (ဓာတ်ပုံ - EPA, AFP)