တပ်မတော်(ရေ) ၇၂နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်

တပ်မတော်(ရေ) ၇၂နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်
*****************
တပ်မတော်(ရေ) ၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် တပ်တော်ဝင် အခမ်းအနား ကို ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ရန်ကုန်မြို့ သီလဝါ ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနား၌ ကိုရီးယားနိုင်ငံတွင် တည်ဆောက်ခဲ့သည့် မြန်မာရေတပ်၏ အကြီးဆုံး ဘက်စုံသုံးထောက်ပံ့ရေးရေယာဉ်မုတ္တမ(Multi Purpose Support Vessel ) ၊ ကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေးရေယာဉ်( မြစ်ကြီးနား)၊ ၂၇ မီတာအမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး၊ ၂၆ မီတာ ပင်လယ်သွားတွဲ/ ဆွဲရေယာဉ် ၂ စီးနှင့် ၂၀ မီတာ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ် ၂စီး တို့ တပ်တော် ဝင်ခဲ့သည်။

ဓာတ်ပုံ -သူရ/မဇ္ဈိမ