လေယာဉ်၊ ရဟတ်ယာဉ် (၁၀)စင်း တပ်တော်ဝင်ခြင်း အခမ်းအနားပြုလုပ်

မြန်မာ့တပ်မတော်လေရဲ့ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ JF-17 B ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

(ဓာတ်ပုံ - MNA/seniorgeneralminaunghlaing.com.mm)