ကုလသမဂ္ဂတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ဒေါ်အောင်ဆန်းစုကြည် ခုခံကာကွယ်

ကုလသမဂ္ဂတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ဒေါ်အောင်ဆန်းစုကြည် ခုခံကာကွယ်
******************************
ဒီဇင်ဘာ ၁၀ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က Peace Palace ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ မြန်မာနိုင်ငံ၏ အတိုင်ပင်ပခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားစွဲခံနေရခြင်းနဲ့ ပတ်သက်လို့ အမှုကို သွားရောက် ရင်ဆိုင်ဖြေရှင်းတာကို တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ်က ဘင်္ဂါလီမွတ်စလင်လူနည်းစုအပေါ် နှိမ်းနင်းမှုများ လုပ်ဆောင်ရာမှာ လူမျိုးတုံးသတ်ဖြတ်မှုရှိခဲ့ဆိုတဲ့ ဂမ်ဘီယာမှ စွပ်စွဲချက်များကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ တိုင်းပြည်ကို ကာကွယ်သွားမှာဖြစ်ပါတယ်။
 (ဓာတ်ပုံ - အီးပီအေ)