၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ (အမျိုးသားဘောလုံး)အုပ်စု တတိယမြောက်ပွဲစဉ်ရလဒ်

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ (အမျိုးသားဘောလုံး)အုပ်စု တတိယမြောက်ပွဲစဉ်ရလဒ်

တီမော ၁-၃ မြန်မာ
မက်ကွီတာ (၄၀') အောင်ကောင်းမန် (၁၀')၊ ထက်ဖြိုးဝေ (၃၅')၊ လှိုင်းဘိုဘို (၅၂')

ဒီကနေ့လည်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု တတိယမြောက်ပွဲစဉ်မှာ မြန်မာယူ-၂၂ အသင်းက တီမောအသင်းကို (၃-၁)နဲ့ ဂိုးပြတ်အနိုင်ရယူသွားခဲ့ပါတယ်။ ဒီနိုင်ပွဲရလဒ်ကြောင့် မြန်မာအသင်းဟာ (၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၇)မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲကိုတော့ ကမ္ဘောဒီးယားအသင်းနဲ့ဆက်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

(ဓာတ်ပုံ - MARK R. CRISTINO/EPA)