အစ္စရေး စေတနာ့ ဝန်ထမ်း အဖွဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်မည်

အစ္စရေး စေတနာ့ ဝန်ထမ်း အဖွဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်မည်
*****************************

အစ္စရေး နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း စေတနာ့ဝန်ထမ်း လုပ်ငန်းများဆောင်ရွက်ရန် အစ္စရေး စေတနာ့ဝန်ထမ်း ၂၂ ဦး ပါဝင်သည့်  “Heros for Life” အထူးကိုယ်စားလှယ် အဖွဲ ့အနေဖြင့် ပညာရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းပြီး  လှိုင်သာယာမြို့နယ် အတွင်းရှိ ကျောင်း လေးကျောင်းတွင် နှစ်ပတ်ကြာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စေတနာ့ဝန်ထမ်း စီမံကိန်းများ ဆောင်ရွက်မည် ဖြစ်သည်။

 အဆိုပါ အဖွဲ့အနေဖြင့် လှိုင်သာယာ မြို့နယ်အတွင်းရှိ မူလတန်း ကျောင်း များတွင် ကျောင်းသူ ကျောင်းသားများအား အင်္ဂလိပ်၊ သချင်္ာ နှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြားပေးခြင်း နှင့် စာသင်ခန်းများ၊ ကျောင်းစာကြည့်တိုက်များ ကို ပြန်လည် ပြုပြင် မွမ်းမံမှု အသေးစား လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။

ဓာတ်ပုံ-သက်ကို/သတင်း- ဟိန်းသက်ဦး