ယခုနှစ်ရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မြင်ကွင်း

ယခုနှစ်ရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မြင်ကွင်း
******************************
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း၊ မီးပုံပျံများ လွှတ်တင်ခြင်း၊ ရိုးရာအကအလှများနဲ့ ဖျော်ဖြေခြင်းတို့ကို နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ တွေ့ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် (သို့မဟုတ်) မီးပုံးပျံပွဲတော် ကျင်းပတဲ့ အချိန်ဟာ မိုးရာသီကုန်ဆုံးတဲ့အချိန်လို့ အသိအမှတ်ပြုထားကြပါတယ်။ တန်ဆောင်မုန်းလဟာ မြန်မာပြက္ခဒိန်အရ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာလလောက်မှာဖြစ်ပါတယ်။

ပွဲတော်ကျင်းပရာ တောင်ကြီးမြို့ဟာ မြန်မာနိုင်ငံရဲ့ ငါးခုမြောက် အကြီးဆုံးမြို့တော်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၁၂ ပေ (၁.၄၃၆ မီတာ) အမြင့်မှာ တည်ရှိပါတယ်။

(ဓာတ်ပုံ - အေအက်ဖ်ပီ)