ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက် ညစာစားပွဲ

အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းမှာ ဂျပန်ဧကရာဇ်နဲ့ ဖိဖုရားတို့က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ နိုင်ငံပေါင်း (၁၅၃)နိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။ ၎င်းတို့အနက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ညစာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနားကို နှစ်ပေါင်း (၂,၀၀၀)သက်တမ်းရှိ ဘုရင်စနစ်ရဲ့ အစဉ်အလာများနဲ့ ကြီးကျယ်ခမ်းနားမှုများနဲ့အတူ တိုကျိုမြို့ရှိ နန်းတော်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ)