အင်ဒိုးနီးရှား ရွက်သင်္ဘော စစ်ရေယာဉ် ချစ်ကြည်ရေးခရီး လာရောက်

အင်ဒိုးနီးရှား ရွက်သင်္ဘော စစ်ရေယာဉ် ချစ်ကြည်ရေးခရီး လာရောက်
***************************
မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာသည့် အင်ဒိုနီရှားရေတပ်၏ ရွက်သင်္ဘော အမျိုးအစား စစ်ရေယာဉ် KRI BIMA SUCI-945 ရေယာဉ်အ
မှုထမ်းများမှ Drum Band Performance စစ်ရေးပြ သရုပ်ပြပွဲကို အောက်တိုဘာလ ၆ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။ သရုပ်ပြပွဲအပြီးတွင် ပြည်သူ့ရင်ပြင်မှ အင်ဒိုနီးရှားသံရုံးအထိ ပြည်လမ်းတစ်လျှောက် ချီတက် သရုပ်ပြခဲ့ကြသည်။ အင်ဒိုနီးရှားရေတပ်မှ ရွက်သင်္ဘော အမျိုးအစားစစ်ရေယာဉ် KRI BIMA SUCI-945 သည် ချစ်ကြည်ရေးခရီး လည်ပတ်ရန် အောက်တိုဘာ ၅ရက်နေ့က သီလဝါဆိပ်ကမ်း MITT တံတား ကို ရောက်ရှိလာခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့ အထိ လေး ရက်ကြာ နေထိုင် သွားမည်ဖြစ်သည်။
ဓာတ်ပုံ - သူရ/မဇ္ဈိမ