ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနား

အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ကို ယခုလ ၃၀ ရက်နေ့တွင် ရန်ကုန်၌ စတင်ရိုက်ကူးမည်ဟု သိရပြီး ဂဠုန်ဦးစော ဇာတ်ကောင်နေရာအတွက် ဂဠုန်ဦးစော၏ မြစ်တော်စပ်သူ ကိုဇော်ဇော်ပိုင်က ပါဝင်သရုပ်ဆောင်သွားမည်ဟု သိရသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ