အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်NCA-S EAP ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး

နိုင်ငံတော်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့၏ ညှိနှိုင်းအစည်းဝေးပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ကျင်းပခဲ့သည်။

ယခုအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ အဆိုပြုချက် များ၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ သဘောထားများကို အပြုသဘောဖြင့် ပြန်လည်အဆိုပြုဆွေးနွေး ကြမည်ဟု သိရသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ