မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း စတင် ဖွဲစည်း

စီးပွားရေးလုပ်ငန်းရှင်များ၏အခက်အခဲများနှင့် တောင်သူလယ်သမား၊ အလုပ်သမားများ၏ ဘဝများကို မြှင့်တင် ပေးနိုင်ရန်အတွက်ဟု ဆိုသော မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခြင်းအခမ်းအနားကို သြဂုတ် ၂၂ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့သည်။

တော်ဝင်ဦးကိုကိုထွေး၊ ဇေကမ္ဘာဦးခင်ရွှေတို့ ကမကထပြုသော မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ကန်ထရိုက်တာလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်သည်။

အသင်းသားများ၏ ဝင်ကြေး၊လစဉ်ကြေးများ ကောက်ခံမည်မဟုတ်ကြောင်းနှင့် အသင်း ၏ ဗဟိုကော်မတီဝင် များ၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ထည့်ဝင်မည့်ရန်ပုံငွေဖြင့် ရပ်တည်သွားမည်ဟု ကြေညာထားသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ