လူမနေသောတိုက်ဟောင်းမှ ဝရန်တာ ပြိုကျ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် ၊ ၅၁ လမ်း(အထက်ဘလောက်) တွင် သြဂုတ်လ ၅ ရက် ည ၇ နာရီခွဲခန့်က လူနေထိုင်ခြင်း မရှိသည့် တိုက်ဟောင်းမှဝဝရန်တာ ပြိုကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဝရန်တာ ပြိုကျမှုမှာ ရပ်နားထားသော မော်တော်ယာဉ် သုံးစင်းအပေါ်သို့ ပြိုကျခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ