တရားစွဲခံထားရသော မနီလာသိန်းနှင့်ငါးဦး ရုံးချိန်းလာရောက်

တရားစွဲခံထားရသော မနီလာသိန်းနှင့်ငါးဦး ရုံးချိန်းလာရောက်
*****************
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲကိုဗိုလ်တထောင် တရားရုံး၌ထုတ်စဉ် ရုန်းရင်းဆက်ခတ်ဖြစ်ပွားခဲ့မှုကြောင့် တရားစွဲဆို ခံထားရသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း အပါအဝင် ငါးဦးတို့သည် ဇူလိုင် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင်တရား ရုံးသို့ ရုံးချိန်းလာရောက်ခဲ့စဉ်။
ယင်းတို့ကို ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး နေဝင်းက တရားလိုပြုလုပ်၍ ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းဆောင်စဉ် လက်ရောက်မှု ပုဒ်မ ၃၅၃၊ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု ပုဒ်မ ၃၃၂ တို့ နှင့် ဇူလိုင်လ ၂၄ရက်နေ့က တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ