စကုမြို့မှ ရှေးဟောင်း မှန်ကင်းရုပ်စုံကျောင်း

စကုမြို့မှ ရှေးဟောင်း မှန်ကင်းရုပ်စုံကျောင်း
=================
မကွေးတိုင်းဒေသကြီး ၊မင်းဘူး( စကု ) မြို့ နယ် မှာ တည်ရှိတဲ့ ရှေးဟောင်းမှန်ကင်းရုပ်စုံကျောင်းဟာ နှစ်ပေါင်း ၁၃၉ နှစ် ခန့် ရှိပြီ ဖြစ်ပါတယ် ။
မှန်ကင်းရုပ်စုံကျောင်းကို စလင်းသူကောင်းမျိုးများ ဖြစ်ကြတဲ့ မြို့ဝန်မင်းဦးဆိုင်း၊ ဒေါ်ငွေတို့မှ မြန်မာသက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ပြီး တိုင်အလုံးပေါင်း ၁၀၀ ကျော် ရှိ၍ မြန်မာမှုဗိသုကာ သစ်သားပန်းပု လက်ရာများကို တွေ့ရမှာ ဖြစ်ပါတယ်။
ရှေးခေတ်စကုမြို့ဝန်၊မြို့သူကြီးတို့ တည်ဆောက် ကိုးကွယ်ခဲ့တဲ့ လေးထပ်ကျောင်း၊ သုံးထပ်ကျောင်း၊ မှန်ကင်းကျောင်း၊ ကန်ဦးကျောင်းစသည့် ကျောင်းကြီးများတွင် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ပြသထားတဲ့ ရှေးမြန်မာပန်းပုလက်ရာတို့ ရှိနေပါတယ်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ