သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့တွင် လက်ပစ်ဗုံးတွေ့ရှိ

သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့တွင် လက်ပစ်ဗုံးတွေ့ရှိ

********************

ဓာတ်ပုံ- သန်းထိုက်အောင်

သင်္ဃကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက်အတွင်းရှိ မြို့နယ် NLD ရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့တွင် လက်ပစ်ဗုံး တစ်လုံး တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ရကြောင်း သင်္ဃကျွန်း NLD ပါတီ တာဝန်ရှိသူများထံက သိရသည်။

" အမှိုက်သိမ်းတဲ့ စည်ပင်ဝန်ထမ်း ကတွေ့လို့ ပြောရင်း သိတာပါ။ မြို့နယ်ရဲတပ်ဖွဲ့မှူးက လက်ပစ်ဗုံးကို ဖြုတ်သိမ်းလိုက်တယ် ခရိုင်ရဲတပ်ဖွဲ့းမှူးရော တိုင်းရဲတပ်ဖွဲ့မှူးရော လာကြည့်သွားပါတယ်"ဟု ဘဝမြင့်ရပ်ကွက် NLD ပါတီ ဥက္ကဌ ဦးအေးဝင်းက မဇ္စျိမသို့ ပြောသည်။

ယနေ့နံနက် ၆နာရီဝန်းကျင်က မလိခအိမ်ယာဝင်းအနီးရှိ မလိခအိမ်ယာလမ်းပေါ်တွင် အမှိုက်သိမ်းသည့် စည်ပင်ဝန်ထမ်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခြင်းမရှိသေးပဲ အနားဝန်းကျင်မှ စီစီတီဗီများကို စစ်ဆေးနေသည်။

"ကျွန်တော်တို့ကို မလိုလားတဲ့ သူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေပြီလို့ ထင်တယ်။ သူတို့ဆိုတာ ကျွန်တော်တို့ပါတီရဲ့ လုပ်ဆောင်ချက်တွေကို မလိုလားတဲ့သူတွေပေါ့ဗျာ"ဟု ဘဝမြင့်ရပ်ကွက် NLD ပါတီ ဥက္ကဌ ဦးအေးဝင်းက သုံးသပ်ပြောကြားသည်။