အာဇာနည်ဗိမာန်တွင် ပြုလုပ်သော ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

အာဇာနည်ဗိမာန်တွင် ပြုလုပ်သော ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား

********************************

၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့စဉ်။ ယနေ့ အခမ်းအနားကို နိုင်ငံတော်အကြီးအကဲများဖြစ်သည့် သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးနှင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့တက်ရောက်ဂါရဝပြုခဲ့ကြသည်။

ယင်းအပြင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ဂါရဝပြုခဲ့သလို ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ဦး ရာဇတ်၊ ဒီးဒုတ်ဦးဘချို ၊ သခင်မြ တို့၏ မိသားစုဝင်များလည်း တက်ရောက်ဂါရဝပြုခဲ့သည်။

ဓာတ်ပုံ- သက်ကို