Yangon Innovation Center ဖွင့်ပွဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်

Yangon Innovation Center ဖွင့်ပွဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်
****************
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Seed Stars ကုမ္ပဏီတို့မှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ခဲ့ သည့် Yangon Innovation Center ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
နည်းပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲကိုလည်း ဇူလိုင်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် Yangon Innovation Center တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
ဓာတ်ပုံ-သူရ/မဇ္ဈိမ