အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေ ဖြစ်တဲ့ မီဇိုရမ်၊ နာဂလန်း၊ မဏိပူရ်ပြည်နယ်တွေက ကျေးလက်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ

အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေ ဖြစ်တဲ့ မီဇိုရမ်၊ နာဂလန်း၊ မဏိပူရ်ပြည်နယ်တွေက ကျေးလက်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ

******************************

အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေ ဖြစ်တဲ့ မီဇိုရမ်၊ နာဂလန်း၊ မဏိပူရ်ပြည်နယ်တွေက ကျေးလက်ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေပွဲကို ဇွန်လ ၂၆ ရက်နေ့ညက အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို မဏိပူရ်ပြည်နယ်အစိုးရ၊ Hero's Foundation နဲ့ Mizzima TV တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

ဂီတဖျော်ဖြေပွဲမှာ နာဂမျိုးနွယ်စုအဆိုတော် ဂရုရူဘန်ဒရာ ၊ အဟုန်-တိုင် မျိုးနွယ်စုအဆိုတော် ဒေါက်တာ ပရာဆာနာ၊ အာသံပြည်နယ်က အော်တာနေးလ်တစ်အဆိုတော် ဖူနန်းဒင် ကထာ ၊  မဏိပူရ်ပြည်နယ်မှ ဂီတပညာရှင် မဂ္ဂါဆာနန်တို့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အရှေ့မြောက်ပြည်နယ်တွေဟာ မြန်မာနိုင်ငံနဲ့ နယ်မြေချင်း ရှည်လျားစွာထိစပ်နေပြီး အဲ့ဒီပြည်နယ်တွေက ဒေသခံမျိုးနွယ်လူမျိုးစုတွေနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဒေသက ဒေသခံမျိုးနွယ်လူမျိုးစုတွေအကြား ယဉ်ကျေးမှုတွေဟာ နီးကပ်မှုရှိခဲ့ပါတယ်။

ဒါပေမယ့် သူ့တို့ရဲ့ ယဉ်ကျေးမှု ၊ ဂီတ ၊ ရိုးရာအစဉ်အလာတွေအကြောင်းကို မြန်မာနိုင်ငံဘက်ခြမ်းက ပြည်သူတွေအနေနဲ့ သိပ်ပြီး သိရှိကြခြင်းတော့မရှိပါဘူး။

ဒီအတွက်ကြောင့် ရိုးရာယဉ်ကျေးမှုခြင်း ဖလှယ်နိုင်ဖို့အတွက် ကျွန်တော်တို့ မဇ္စျိမ TV အနေနဲ့ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေက ရိုးရာယဉ်ကျေးမှုတွေ ၊ တေးဂီတတွေအကြောင်းကို ရုပ်သံအစီအစဉ် သွားရောက်ရိုက်ကူးခဲ့ပါတယ်။

ဒီအစီအစဉ်တွေကို သိပ်မကြာခင်အချိန်အတွင်း Mizzima TV ပရိသတ်တွေရှေ့မှောက်မှာ ပြသသွားမှာလည်းဖြစ်ပါတယ်။