စာသင်ကျောင်းများအနီး ဆေးလိပ်၊ကွမ်းယာ ရောင်းချမှုအပေါ် အရေးယူမှု အားနည်း

စာသင်ကျောင်းများအနီး ဆေးလိပ်၊ ကွမ်းယာ ရောင်းချမှုအပေါ် အရေးယူမှု အားနည်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

******************************************

နေပြည်တော်ရှိ MICC-2တွင် ၂၀၁၉ခုနှစ်၊ ဇွန်လ ၁၂ရက်က ကျင်းပသည့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ တက္ကသိုလ်၊ စာသင်ကျောင်းများတွင် ဆေးလိပ်သောက်ခွင့် မရှိသည့်အပြင် ကျောင်းပရဝဏ်အတွင်းနှင့် ကျောင်းပရဝဏ်မှ ပေ(၁၀၀)အတွင်း ဆေးလိပ်ရောင်းချခြင်း မပြုရဟု ပြဌာန်းထားသော်လည်း လက်တွေ့တွင် အရေးယူမှု အားနည်းကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)